( Unicode)
အလုပ်သွား ခံနီး ဧည့်ခန်း ကနေ ထွက်မယ်
အလုပ် တွေ့လိုက်ရတဲ့ piano တလုံး ကြောင့် ညက ကောင်လေး စာကို သတိရမိ
လျက်........."pianist တစ်ယောက်လား?? "
ထို piano အနားသွားပြီး လက်ဖြင့် ထိကာ
အောက်က သံစဉ် မြည်တဲ့ keyboard
လေးတွေကို လက်ဖြင့်တီးကြည့်မိတော့
မကြားရတာ ကြာပြီဖြစ်တဲ့ သံစဉ်လေးကို
မျက်လုံး မှိတ်ပြီး ခံစား မိလျှက်......"piano ကို ပြန်တီးမလို့လား?? "
အနောက်ကနေ မေးလာတဲ့ TaeHyung
ရဲ့အမေးကြောင့် keyboard ပေါ်တွင်
ပြေးလွှားနေတဲ့ လက်ကို ရပ်လိုက်ပြီး"အင်း... ငါစိတ်ပါခဲ့ ရင်ပေါ့ "
အလုပ်သွား ရန်ခြံရှေ့က ကားပေါ်ကို တက်
လိုက်သည်။"သူဌေး ဒီည အလုပ်ဆက်တူ လုပ်တဲ့
ကုမ္မဏီက party ရှိတယ်""အင်း... "
"သူက အရင်တခါက model လုပ်ဖူးတဲ့
လူကိုခေါ်လာခဲ့ပါတဲ့""model ?? ကောင်လေးကိုလား"
"ဟုတ်ကဲ့ သူဌေး "
"ဘာ အတွက်ကြောင့် သူ့ကိုပါ ခေါ်ရတာလဲ"
"ကျွန်တော်လဲ သေချာမသိဘူး "
TaeHyung အဖြေကို တချက်နားထောင်
ပြီး ညာလက်က စာရွက်ကို ကိုင်ကာ သေချာ
ဖတ်လိုက်သည်။"Han Young Jae က ကောင်လေးကို
ခေါ်ခိုင်းတာ သိပ်မရိုးဘူး "ထိုလူနဲ့ ချူပ်ဆိုထားသည့် စာချူပ်က သဖန်ခါ
ဆိုလျှင် စာချူပ်က ပြည့်တော့မည်။ သူ့ကို
သဘောမကျသောလည်း သူ့အလုပ်ပုံ ကိုင်
ပုံကို သဘောကျမိတာကြောင့် စာချူပ်ကို
ချူပ်ခဲ့ခြင်းဖြစ်သည်။------------
"Jimin ကို ညကျရင် ငါနဲ့အတူ သွားစရာ
ရှိတယ်လို့ ပြောပေး ""အခုလား "
"မင်းက အခု မပြောချင်လို့ မနက်ဖြန်မှ ပြော
ချင်တာလား ""မဟုတ်ဘူးလေ သူဌေး ကျွန်တော်က "
"မြန်မြန် သွားပြော "
"ဟုတ်ကဲ့ "
လုပ်လက်စ အလုပ်တွေကို ချထားလိုက်ပြီး
ညာဘက်က လက်ပတ်နာရီကို ကြည့်မိ
တော့ အချိန်က 8 နာရီ ထိုးနေပြီ ပွဲက 8 ခွဲ
ဆိုစမည် ဆိုသောကြောင့် မြန်မြန် အခန်းထဲ
မှ ထွက်လာလိုက်သည်။