Do You like pianist?

6.9K 810 47
                                    

( Unicode )

"ကံနဲ့ ပတ်သက်လာရင် ငါကိုက အရမ်း
ဆိုးတယ် "

အနားတွင် စာရွက် တစ်ပုံဖြင့် အလုပ်ရူပ်
နေသော TaeHyung ကြားတော့..

"အော်... ဟုတ်... ဟုတ် ဒီလောက်လျှမ်း
လျှမ်းတောက် အောင်မြင်နေတဲ့ ကုမ္မဏီ
သူဌေးကြီးက ဒီလိုစကား မျိူးပြောလာတော့
ကျွန်တော်တို့လို လူမျိူး အတွက် ကရော"

"ကျစ်.. ငါပြောတာက အချစ်ရေးကို ပြောတာ"

"တနေ့တော့ ကံကောင်းလာမှာပေါ့ သူဌေး ရယ်"

"ငါ အမှန်တိုင်း ပြောရရင် မင်းကိုအားကျ
တယ် "

"ကျွန်တော့်ကို?? "

ကိုယ့်လက်ညိုးကို ကိုယ်ပြန်ထိုးပြီး မေးတာ
ကြောင့် Yoongi က ခေါင်းညိမ့်ပြသည်။

"မင်းမှာ အားကျစရာ မိသားစုဘဝ လေးရှိတယ် ပြီးတော့ မင်းကို အရမ်းချစ်တဲ့ Jungkook လဲ ရှိတာပဲ "

"ကျွန်တော့်ကို အားကျတဲ့ လူတော့ ရှိသား"

TaeHyung ကရယ်ကြဲကြဲ လေးပြော
လိုက်သည်။

"ငါ အသက်က မင်းလိုမျိူး ကိုယ်ချစ်ရတဲ့
သူနဲ့ တစ်အိုး တစ်အိမ် တည်ဆောက်သင့်
တဲ့ အရွယ်ရောက်နေပြီ မဟုတ်လား"

"သူဌေး ကို ချစ်တဲ့သူနဲ့ တွေ့မှာပါ "

"အကိုကြီး"

အနောက်ကနေ ထွက်လာတဲ့ အသံကြောင့်
လှည့်ကြည့်မိတော့ အမြဲ ပြုံးပျော် နေတက်
တဲ့ ကောင်မလေးက အခုတော့ မျက်နှာ
မကောင်းပါလား

"နင့် မျက်နှာလဲ မကောင်းပါလား "

"အကိုကြီး ညီမလေး အဖေ့ ဆီကိုပြန်သွား
တော့မယ် "

"ဘာ! နင် ဒီမှာ နေပြီး အလုပ်တွေ သင်မယ်
ဆို "

"ညီမလေး မပျော်တော့ဘူး အဖေ့ ဆီပဲ သွားတော့မယ် ဒီည လေယျာဉ်နဲ့ "

"နင့် ဟာက မြန်လှချည်လား "

"ဒီည အကိုကြီးအား ရင် လိုက်ပို့ ပေးပါလား"

"အားပါတယ် Jimin ရောသိလား? "

"ဟင့်အင်း ညီမလေး သူ့ကို မသိစေချင်ဘူး"

"ဘာလို့လဲ နင်တို့ နှစ်ယောက်ဘာဖြစ်ထား
ကြတာလဲ "

သိသော်လဲ မသိချင်ယောင်ဆောင်ပြီး မေးခွန်းကိုမေးလိုက်သည်။

Baby Boo 지민  ( Completed ) Where stories live. Discover now