ငါ၏ ဂုဏ်သိက္ခာကို ငါကိုယ်တိုင်သာ ကျစေရမည်....
ဘေးလူနှင့် လားလားမှ မဆိုင်။
ငါ၏ လွတ်လပ်မှု အခွင့်အရေးသည် ငါ့အပေါ်၌သာ မူတည်ပေသည်...
အိပ်ပျော်နေသော ငါ၏ မာနတရားကို လာမနှိုးပါနှင့်
အိပ်ကောင်းကောင်းနှင့် အိပ်ပါစေ...
ငါသည် မြေပြင်၌သာ နေရပေမဲ့လည်း ငါချစ်သော အနုပညာကို
ဝေဟင်ထက်တွင် အ့မြဲထားနိုင်အောင် ကြိုးစားနေပါသည်။
ငါ၏ လက်များသည် မနူးညံ့ပါ။ သို့သော် နူးညံ့သော စကားလုံးများကို ရေးသားရန် ကလောင်တံကိုတော့ ကိုင်နိုင်ပါသည်။
ငါ၏ သမိုင်း မရိုင်းစေရန် ငါကိုယ်တိုင် ရေးသားမည်။
ငါ၏ သမိုင်း အကောင်းအဆိုးကို ငါကိုယ်တိုင် ဝေဖန်ရလိမ့်မည်။
မည်သူမျှ ဝေဖန်ရန်မလို။
YOU ARE READING
ကဗျာသူရဲကောင်း
Poetry"ငါ့ရဲ့ အတွေးအခေါ်တွေဟာ ၂၀ ရာစုနှစ်မှာ မှန်တယ်လို့ ယူဆပေမဲ့လည်း ၂၁ ရာစုနှစ်မှာ မှန်ချင်မှ မှန်တော့မယ်... လူတွေက လက်ခံချင်မှ လက်ခံတော့မယ်။ ဒါဟာ လူတွေရဲ့ အတွေးအခေါ်ပဲ .. အမှန်တရားမဟုတ်ဘူး..." "ကျွန်ုပ်သည် လောက၌ နေထိုင်စဉ်အတွင်း ရိုင်းချင် ရိုင်းမည်။ ဒါေ...