သစ်ရွက်ကြွေတွေ လှလှပပ လွှင့်မျောနေတဲ့ လမ်းလေး
နွေဦးရာသီ ရောက်လာခဲ့ပြီပဲ
သစ်ရွက်ကြွေတွေနဲ့ အလှဆင်ထားက ကြည့်မိလိုက်ရင်ကို ရင်မှာ ပျော်ရွှင်မှုတွေ ဖြတ်ကူးသွားနိုင်တဲ့ မြင်ကွင်းမျိုး
အင်း.............
အလွမ်းဓာတ်အခံရှိရင်တော့ လွမ်းအောင် ဖန်မယ် ထင်ပါရဲ့ ...........ကိုယ့်အတွက်တော့ လွမ်းဖို့မရှိ
အာ့လိုဆို
ဒီမြင်ကွင်းလေးကြောင့် အပျော်တွေ ကူးစက်လာလားဆိုတော့လည်း ......
Inn............
သက်ပြင်းကို ခပ်ပြင်းပြင်းရှိုက်ထုတ်ပြီးသာ ဖြေရမှာပေါ့
မဟုတ်ပြန်ပါဘူးကိုယ့်ဘဝကို အသက်မဲ့သူ တစ်ယောက်လို ဖြတ်သန်းလာခဲ့တာ သူ 14နှစ်သားထဲကပေါ့
သူ့ဘဝရဲ့ အရာရာ
သူ့ဘဝရဲ့ တစ်ဦးထဲသော မွေးမိခင်က
သူ့ကို စွန့်ပစ်ပြီး ဂုဏ်ဒြပ်တွေနောက်ကို လိုက်သွားခဲ့ကတည်းကပေါ့
တွေးလိုက်မိတိုင်း အသဲနာတယ်ဆိုတာက ကိုယ့်အတွက်အပိုလိုပဲ
မမုန်းမိပါဘူး
သင်ခန်းစာတစ်ခုကို သင်ပေးခဲ့တာပဲ မုန်းစရာလား
အရာရာမှာ ဘာက အဓိကကျလဲဆိုတာ သိအောင် သင်ပေးခဲ့လို့် ကျေးဇူးတင်ရမှာ
အခုချိန်မှာ မွေးသမိခင် သင်ပေးခဲ့လို့် ဂုဏ်တွေ ငွေတွေ ဒြပ်တွေရဲ့ တန်ဖိုးကို သူသိနေခဲ့ပြီလေ
အဲ့လိုဆိုလို့ လွမ်းလားဆိုတော့လည်း မလွမ်းမိပြန်ဘူး
ကိုယ့်ဘဝမှာ ကိုယ်သာ အဓိကမို့်
ကိုယ့်ဘဝမှာ ကိုယ်သာရှိပြီး
တခြားသော ဘယ်သူ့ ဘယ်သူမှ ကိုယ့်ဘဝနဲ့ မသက်ဆိုင်တာမို့်Jb : Arh..........
သူ့အကြောင်းကို ပြန်စဉ်းစားနေမိတုန်း အရှိန်ပြင်းပြင်းနဲ့ သူ့ကို ဝင်တိုက်လာတဲ့ လူတစ်ယောက်
တစ်နည်းပြောရရင် သူနဲ့ အသက်မတိမ်းမယိမ်းလောက်ရှိမယ့် ယောက်ျားလေးတစ်ယောက်
အနောက်တိုင်း ဝတ်စုံကို အပြည့်ဝတ်ထားပေမယ့်
ကြယ်သီး အပြည့်မတပ်ထားတော့တဲ့ suit လျှောကျလို့ ပြုတ်လုနီးနီးဖြစ်နေတဲ့ necktie
ဝတ်ပုံစားပုံအရတော့ ကလေကချေမဖြစ်နိုင်
ဘာအတွက် အလောတကြီးပြေးလာလဲ မသိပေမယ့်
မောဟိုက်နေတဲ့ သူ့ပုံစံနဲ့ နဖူးထက်က ချွေးတို့်ကို ကြည့်ရတာတော့ တကယ်အလျင်လိုနေဟန်
ESTÁS LEYENDO
YOU BELONG TO ME TILL THE WORLD END
FanficJB အခြားသူတွေ ပြောတဲ့ ကံဆိုးမှုကို တကယ်ယုံလား အချစ် တကယ်ဆို မင်းယုံသင့်တဲ့ စကားတစ်ခွန်းရှိတာသိလား ချစ်ရသူ *မင်းက တခြား ဘယ်သူ့ထက်မဆို အချစ်ခံရဖို့ တန်ဖိုးရှိလွန်းတယ် ပြီးတော့ မင်းရဲ့ ဘေးနေရာက ကိုယ့်အတွက်ပဲ * ဆိုတာလေ JS ငါဟ...