To someone

21 0 0
                                    

ချစ်​ခြင်း​မေတ္တာဟာ ရီရပါတယ်
ငါတခါမှမ​တောင်းခဲ့ဖူးပါပဲ နင်​လာ​ပေးခဲ့
ငါ​နေသားတကျနဲ့လက်​ခံဖို့ပြင်​ဆင်​​နေချိန်​မှာ နင်​အသိမ​ပေးပဲ ပြန်​ယူသွားခဲ့

နင်​ကဗျာ​တွေစာ​တွေတဖွဲ့တနွဲ့​ရေး​နေတာမြင်​​တော့လည်း ငါရီချင်​သား
ကိုယ့်​ကိုယ်​ကိုချစ်​တတ်​သူကြီးပုံမဖမ်းပါနဲ့
ကျေးဇူးပြု၍....
နင့်​စကားလုံး​တွေက နင်​​ရေး​နေတဲ့ကဗျာ​ပေါ်မှာပဲ အသက်​ဝင်​တာပါ

တခါတ​လေ​တော့လည်း နင့်​ကဗျာထဲကလိုလူ နင့်​ကိုတကယ်​ဖြစ်​​စေချင်​တယ်
အချစ်​ဆိုတာ ကဗျာထဲမှာပဲ တကယ်​ရှိတာပါဟာ
နဂိုကမှ မယုံကြည်​တတ်​တဲ့လူ​ကို နင်​ဒဏ်​ရာ​တွေထပ်​​ပေးခဲ့တာ

မြင်​​နေသမျှ​တော့ ​တွေး​နေမိဦးမယ်
မြင်​​နေသမျှ​တော့ ခံစား​နေရတယ်
မြင်​​နေသမျှ​တော့ စိတ်​အ​နှောင့်​ယှက်​ဖြစ်​​နေရတုန်းပဲ.....မတန်​လိုက်​တာ​နော်

ချစ်​ခြင်း​မေတ္တာတရားဟာ နင်​ထင်​သလို​ဈေးမ​ပေါဘူး
ကဗျာ​တွေထဲမှာပဲကြီးကျယ်​​နေတဲ့​ကောင်​​ရေ
ငါ့အတွက်​ကျ နင့်​နှလုံးသားကြီးက ​​မေတ္တာတရားမရှိလိုက်​တာ​နော်

နင့်​စာ​လေး​တွေကိုဖတ်​ပြီး နင့်​သနား​နေတဲ့သူ​တွေတွေ့​တော့ ကမ္ဘာကြီးက မတရား​ကြောင်း​ငါ​တွေးမိပါရဲ့
နင်​ကဗျာထဲမှာ တခါမှထည့်​မ​ရေးဖူးတဲ့ ငါ့ကိုကျ ဘယ်​သူသနားပါ့မလဲ​နော်​....

ဒီဆက်​ဆံ​ရေးမှာ နင်​ကအရင်​စခဲ့တာပါ
ဒါ​ပေမဲ့ အဆုံးသတ်​​ပေးမဲ့သူက ငါကိုယ်​တိုင်​ပဲ
ဘယ်​​တော့မှ မလွမ်းဘူး စိတ်​ချ.........

You've reached the end of published parts.

⏰ Last updated: Jul 17, 2019 ⏰

Add this story to your Library to get notified about new parts!

Little PillsWhere stories live. Discover now