အပိုင်း♥၅♥

657 69 12
                                    

"ချန်းယောလ် ချန်းယောလ် "

အိပ်နေလိုက်တာသူ့ကိုသူအပျော်ခရီးထွက်ရင်းတည်းခိုးခန်းရောက်နေတယ်ထင်နေလားမသိဘူး မနက်ထဲက ဟိုလူတွေမရှိတော့လို့ ပြေးမယ် မရှိဘူးသူ့နိုးနေရတယ် သေနာကောင်အခုလိုဖြစ်တာသူ့ကြောင့်ဆိုတာရောသတိထားမိသေးရဲ့လားမသိဘူး အိပ်နေလိုက်တာ

"ငါစိတ်မရှည်တော့ဘူးနော် ချန်းယောလ် မင်းမထပဲအိပ်နေဦးမယ်ဆိုရင်းလည်းသဘောပဲ မင်းယောက်ဖတွေနဲ့သာနေခဲ့လိုက်ငါတော့ပြေးပြီ"

အ!

ပြောပြောဆိုဆိုနဲ့ထွက်သွားမယ်အလုပ်
လက်ကိုစောင့်စွဲခင်းခံလိုက်ရသောကြောင့် ဟန်ချက်ပြတ်ကာ ချန်းယောလ် ရင်ခွင်ထဲသို့

"အဲ့ဒါမင်းအကိုတွေပေါ့လေ...."

" တစ်ရေးနိုး ဘာတွေယောင်နေတာလဲ"

ကျွန်တော်စိတ်ပျက်သလို သူ့ကိုကြည့်ရင်းပြောကာ ကုန်းရုန်းထတော့ သူက ကျနော့်လက်ကိုပြန်စွဲထားပြီး

"မင်းပြောတော့သူတို့က ငါ့ယောက်ဖဆို အဲ့ဒါမင်းအကိုပဲမို့လား"

"အရူး!"

ကျွန်တော်စိတ်ပေါက်ပေါက်နဲ့အော်လိုက်သည် အခုလိုအချိန်မှာသူစနေနိုင်တာ အံသြတယ်

"ဘာတွေချောင်းနေတာလဲ"

ဟိုလူကြီးတွေရှိမရှိအကဲခက်နေတဲ့သူ့ကိုချန်းယောလ်ကမေးခြင်းပင်

"မင်းကတော့ ကွဲနေတဲ့သားဖတွေပြန်တွေ့တာမို့ဘာမှမဖြစ်ပေမယ့်ငါကတော့မရဘူး ထွက်ပြေးဖို့ကြိုးစားရမှာပဲ"

တမင်အမြင်ကပ်ကပ်နဲ့ပြောပစ်တော့လည်း သူကစိတ်မဆိုး ရယ်သာရယ်နေသည် ဒီကောင်တစ်ရက်လောက်တောထဲမှာအိပ်လိုက်ရတာနဲ့ရူးသွားတာလား

"ပြေးမယ်...လာ! တူတူပြေးမယ် ဒီကနေတစ်မိုင် နှစ်မိုင်လောက် လမ်းလျှောက်ရင်မြို့တစ်မြို့ရှိတယ်
မြို့က တိတ်စိတ်တယ် အနုပညာ သမားတွေလောက်ပဲ ရှိတာ ဆိုတော့ ဂျောင်ဆူးလေး သဘောကျမှာပါ"

တစ်ဖြည်းဖြည်း ချန်းယောလ်ကိုသံတယ ဝင်လာသည် ဒီကောင်ဘာလို့ဒါတွေသိနေတာလဲ

လူမိုက်ကောင်Où les histoires vivent. Découvrez maintenant