SKB

363 34 0
                                    

"""""""""""""""""

""""""""""""""""""""

ခုတလော Sing ကို အတန်းထဲက
ကောင်မလေးတချို့နဲ့ တွဲမြင်နေရသည်
အထူးသဖြင့်.....
chrissan ဆိုတဲ့ကလေးမလေး...

အိမ်ရောက်လို့ကျောပိုးအိတ်ကိုဖွင့်လိုက်
တိုင်းလည်း မုန့်ဘူးတွေက
မနည်းမနော.....
သူတစ်ယောက်ထဲစားမကုန်လို့
ကူစားပေးပါ....ကလုပ်လိုက်သေး..

အင်းလေ သူအဆင်ပြေနေသားပဲ...
အဲ့ဒါကပိုကောင်းပါတယ်

"P ခင်ဗျ"

"အင်း sing ဘာပြောမလို့လဲ... ပြော"

"P ဒီနေ့ကျောင်းရောက်လို့ chrissan
နဲ့တွေ့ရင် မုန့်တွေက စားကောင်းတယ်
လို့ ပြောပေးနိုင်မလားခင်ဗျ"

"သူပေးလိုက်တဲ့မုန့်တွေကို P နဲ့အတူစား
တယ် လို့ပြောထားတော့
သူက သူလုပ်တဲ့မုန့်ကောင်းမကောင်း
P ဝေဖန်တာလေးကြားချင်လို့တဲ့...
ပြီးတော့ မကောင်းဘူးလို့ပြောလိုက်ရင်
သူဝမ်းနည်းသွားမှာစိုးလို့...
အဲ့ဒါ စားကောင်းတယ်လို့ ပြောပေးပါလား
P"

chrissan ဝမ်းနည်းမှာစိုးလို့.....

"Ok Ok ကိုယ်ပြောပေးမယ် သူနဲ့တကယ်
လို့ တွေ့ခဲ့ရင်ပေါ..."

"ကျေးဇူးတင်ပါတယ် P ခင်ဗျ"

သူ့ကောင်မလေးအတွက် ကျေးဇူး
စကားတောင်ဆိုလိုက်သေး...
ကိုယ်မပြောဘူးလား....
မင်း စိတ်ကစားနေတာပါလို့....

Chrissan ကအတန်းထဲမှာ လှတဲ့ကောင်မလေးစာရင်းထဲပါသည်
မဆိုးပါဘူး...လူရွေးတော်သားပဲ...

""""""""""""""""""

""""""""""""""""""""""

နှာဗူးမ chrissan........
Hoo........
သူ့မုန့်တွေကို P ကိုပေးပေးနေတာမို့

သူပေးတဲ့မုန့်တွေကို P စားကြောင်း
ကြိုက်ကြောင်း...
ကြားထဲက ခလောက်ဆန်ထားသည်လေ

ဒါကို အဲ့နှာဗူးမက P ဆီက ချီးမွမ်းတဲ့
အသံလေးကြားချင်ဆိုပဲ.....
သေလိုက်လေ....လို့ပြောပစ်လိုက်ချင်တာများ......

P ကိုအဲ့လိုမှမပြောခိုင်းရင်လည်း
သူကိုယ်တိုင် သွားမေးတော့မည့်ပုံမို့

P ကို ကာကွယ်ရတာ ပင်ပန်းတယ်
P ရယ်.....

""""""""""""""""""

puzzle of heart(complete)Where stories live. Discover now