အကြံအစည်

367 30 0
                                    

""""""""""""""""

"""""""""""""""""

စာမေးပွဲနီးပြီမို့ အသေအလဲ
စာကျက်နေရသော လူနှစ်ယောက်
KristရောSingပါ ဥာဏ်ကောင်းလှသည်
မဟုတ်သော်လည်း......
မဆိုးလှသည့်လူများမို့ ...

ရေသောက်ဖို့ ခပ်လှမ်းလှမ်းက ရေကရား
ကို မ လိုက်တော့ ရေမရှိ..
အပြင်ထွက်ပြီးယူဖို့ပဲရှိတော့တာမို့
ရေကရားကိုကိုင်ပြီး ထွက်လာလိုက်သည်

ဧည့်ခန်းစားပွဲပေါ်စာအုပ်လေးငါးအုပ်နဲ့
စာကျက် နေသော P
ကြမ်းပြင်ပေါ် စိမ်ပြေနပြေ ထိုင်ချကာ
စားပွဲပေါ်လက်ထောက်လျက်
စာကျက်နေသည်ဟုထင်ရသော်ငြား
အာရုံသည် စာအုပ်ပေါ်ရှိနေပုံမရ

"P ဘာတွေစဉ်းစားနေတာလဲ"
လို့မေးလိုက်တော့မှ မော့ကြည့်လာသည်

"အင်း....ကိုယ်တို့နိုင်ငံခြားမှာ ကျောင်း
သွားတက်ရမယ့်အကြောင်း"

"P ကမသွားချင်လို့လား" တကယ်တော့သူလဲမသွားချင်ပါလေ...

"အဲ့လိုကြီးတော့မဟုတ်ပါဘူး...ကိုယ်
တွေးနေတာက.....အင်း...Nine
အတွက်"

လာပြန်ပြီ ဒီNine

"P Nine ကဘာဖြစ်လို့လဲ P ရဲ့"

"Nine ကငယ်ထဲကဆရာဝန်ဖြစ်ချင်ခဲ့
တာလေ ဥာဏ်လည်းကောင်းတယ်
စာလဲကြိုးစားတယ်....ကိုယ်စိတ်ပူတာက
သူ တစ်ယောက်ထဲကျောင်းတက်ဖို့
အဆင်ပြေပါ့မလား လို့.."

"ဘာအဆင်မပြေစရာရှိလို့လဲ P ရယ်
သူက ကိုယ့်နိုင်ငံထဲမှာပဲ တက်ရမှာ
ကျွန်တော်တို့က သူများနိုင်ငံမှာ
သွားနေရမှာ ကိုယ့်အတွက်ကိုယ်ပဲ
ပူစမ်းပါ"
ဟုတ်သည် မကျေနပ်နိုင်တော့ပါ
အရာရာကို ကိုယ်ကိုတိုင်ထက် တခြား
သူတွေအတွက်ပဲ စဉ်းစားပေးနေတော့
သည်ကိုး....

P ကတော့ခပ်ပြုံးပြုံးမျက်နှာထားလေးနဲ့
မော့ကြည့်လာကာ

"ကိုယ် တို့အတွက်ကဘာစိတ်ပူစရာ
ရှိလို့လဲ sing ရယ်..ကိုယ့်အတွက်က
ဘယ်နေရာပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး..
ရောက်တဲ့နေရာမှာ အဆင်ပြေပြေနေနိုင်ဖို့ ယုံကြည်မှု ရှိတယ်
ပြီးတော့ ကိုယ်တို့ကနှစ်ယောက်လေ
Nine ကအိမ်နဲ့ခွဲနေဖူးတာမဟုတ်ဘူး
Unniမှာ သူတစ်ယောက်ထဲ နေနိုင်မှာ
မဟုတ်ဘူး..."

puzzle of heart(complete)Donde viven las historias. Descúbrelo ahora