You are my starlight..Part8

268 22 0
                                    

Ae အရင်ရက်တေမှာလိုမဟုတ်ဘဲ စိတ်တေလေးလံနေတယ်...

မနေ့က အိပ်မက်မကောင်းဘူး

အိပ်မက်ထဲမှာ peteသွေးနေဗလပွနဲ့ လဲနေတယ်လို့မက်တယ်

အရင်ရက်တေတုန်းက ရည်းစားဆိုတာ ဘာမှန်းမသိတဲ့ သူလေးကို

ရေအတူချိုးဖို့ လုပ်ခဲ့တာ..

ရှက်ပြီး ထွက်ပြေးသွားတာ အသဲယားစရာ...

Aeအားလဲနာသွားတာ...

ဟုတ်တယ်လေ...သူလေးက ကြယ်ဂြိုလ်က နတ်သားလေး

သူစချင်စိတ်နဲ့မဟုတ်ပာဘူး သူရေချိုးခန်းက ရေပူပြတ်နေလို့

သူအပေါထပ်သွားချိုးဖို့ လုပ်လိုက်တာ...

အခုတော့ သူလေး Aeကို ခပ်ခွာခွာနေနေတယ်

အိပ်မက်တေကမကောင်းတော့ သူ့စိတ်တေပို ထွေပြားနေတာ...

ရုတ်တရက် ဖုန်းသံမြည်လာတယ်....

"Hello...Aeပြောနေပါတယ်''

"မင်း အလုတလော အိပ်မက်တေမကောင်းဘူးမလား''

"ဘယ်သူလဲ...''

"ငါဘသူဆိုတာ မင်းသိစရာမလိုပါဘူး..

.မင်းအိပ်မက်ထဲက အတိုင်းဖြစ်လာလိမ့်မယ် မကြာခင်

အာ့လဲ မင်းကြောင့်ပဲ.....''

"ခင်များ ဘသူလဲ... ဘာတေလာပြောနေတာလဲ...''

"ဟိုတနေ့ ကစားကွင်းမှာလဲ ခင်များပဲမလား''

"ဟုတ်တယ်.. ငါပဲ...မင်းသေချင်နေတာမလား...

ဘာလဲ ခုမှ မသေချင်တော့တာလား...

မင်းကြောင့်နဲ့ လူတေထပ်သေစေချင်တာလား''

"ခင်များ လျောက်မပြောနဲ့နော်...''

Aeစိတ်လဲ တို....လက်တေပါတုန်လာကာ....ဖုန်းကိုချပစ်လိုက်တယ်

ငါ့ကြောင့် ငါ့ ညီ သေသွားတာမှန်တာပဲလေ....

ဒါပေမဲ့...ငါ နောက်ထပ် peteကို အဆုံးရှုံးမခံနိုင်ဘူး

တကယ်ပဲ ငါသေသင့်တာလား?

ငါ အရင်က သေဖို့အိမ်ကြကြိမ်ကြိုးစားခဲ့တယ်လေ...

ခု...ငါ အသက်ရှင်ချင်နေတာ ဘာကြောင့်လဲ.....

Aeစိတ်ညစ်ညစ်နဲ့ ရေခဲသေတ္တာဖွင့်ပြီး ဘီယာတဘူးယူလိုက်တယ်

သောက်နေရင်းက တဘူး နှဘူး သုံးဘူး များများလာခဲ့တယ်

လူကချာချာလည်နေပြီ...

တကယ်တော့ Aeအရက်တို့ ဘီယာတို့ သိပ်မသောက်နိုင်ဘူး

နဲနဲသောက်တာနဲ့ မူးလာရော.....

"နေအူး...ငါယူခဲ့မယ်''

ဟော..peteအသံ...

"ဟင်.... Ae တယောက်ထဲ ဘီယာတေသောက်နေတယ်''

"ဟုတ်တယ်....ကိုယ်စိတ်ညစ်လို့.....''

သူ့စကားကြောင့် peteမျက်စိပြူးသွားတယ်

"Ae... စိတ်မညစ်နဲ့လေ....

စိတ်ညစ်လာရင် အရင်လို သေချင်စိတ်တေပြန်ပေါ်လာလိမ့်မယ်

ဟောဒီ့ဆွဲကြိုးကို ကိုင်ထား.....နော်''

ပြောလဲပြော သူ့လည်ပင်းက ဆွဲကြိုးကို ကိုင်းထားခိုင်တယ်

"Pete.... ကိုယ့်ကို ဘာလို့ကယ်ခဲ့တာလဲ....

ဒီတိုင်းထားပြွိးသေခိုးငလိုက်ရမှာ...peteလဲ ခုလိုဒုက္ခမရောက်တော့ဘူးး

ကိုယ်ဆိုတဲ့အကောင်က သေသင့်တာ...

ကိုယ့်ကြောင့်အခြားသူတေ ဒုက္ခမရောက်တော့မှာ''

Ae ပြောရင်း ငိုနေမိတယ်

"Ae... အဲ့လိုမတွေးပါနဲ့....

Peteကသာ Aeဘဝကို နှောက်ယှက်ခဲ့တာ...

Aeကြောင့်ရယ်လို့ ဒုက္ခရောက်ခဲ့တာမဟုတ်ခဲ့တာ...

အားလုံးဟာ ကံကြမ္မာကြောင့်လို့. P'pondကပြောဖူးတယ်

ပြီးတော့ ရေစက်ရှိလို့ ဆုံကြတာတဲ့..

Peteနားမလည်ပေမဲ့....

Aeမှာ အပစ်ရှိဘူးဆိုတာပြေါတာလို့ထင်တယ်

ဒါကြောင့် လိပ်ပြာမလုံမဖြစ်ပါနဲ့''

peteက သူနားလည်သလောက် စကားအရှည်ကြီးနဲ့ နှစ်သိမ့်နေတယ်

ပြီးတော့ သူ့ကို ဖက်ထားပေးတယ်

သူက ထိုင်ခုံပေါ်မှာဆိုတော့ peteရဲ့ရင်ခွင်ထဲရောက်နေတာပေါ့

Aeရင်ထဲမှာ ခံစားချက်တခု ပြင်းပြင်းပြပြ ခံစားလိုက်ရတယ်

သူpeteကို မြတ်နိုးနေမိပြီထင်တယ်....

အတွေးနဲ့အတူ....Aeလဲ peteခါးလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တော့တယ်

Ep9 is coming soon

#NoraHnintThitOo
#PerthSaintForever
#YouAreMyStarlight

You Are My StarlightWhere stories live. Discover now