[ Zawgyi]
" ပျော်စရာအချိန်လေးကို နှောင့်ယှက်မိတာ အားနာပါတယ်.. Dr.Xiao ကျုပ်တို့နဲ့ လိုက်ခဲ့ရမယ်"
စိတ်ကောက်နေတဲ့ Wang Yi Bo ကို အကြင်နာပေးပြီး ချော့နေတုန်း သတိမထားမိခင်မှာဘဲ အယောက် ၂၀ လောက်ရှိတဲ့ လူတွေက သူတို့ကို သေနတ်ကိုယ်စီ မောင်းတင်ပြီး ဝိုင်းထားပြီးပြီ..
" ဘယ်သူတွေလဲ? "
Yi Bo က Xiao Zhan ကို သူ့နောက်ဆွဲသွင်းလိုက်ရင်း ခါးကြားထိုးထားတဲ့ သေနတ်ကို ထုတ်ရန်ပြင်တော့
မျက်စိလျှင်တဲ့ လူတစ်ယောက်က Yi Bo နှဖူးကို တေ့ချိန်လိုက်ကာ...
" မလှုပ်နဲ့...မသေချင်ရင်!!!"
"အဲ့သေနတ်ကို အခု ချ"
Xiao Zhan က Wang Yi Bo ကို သူ့နောက်ပြန်ဆွဲခေါ်လိုက်ရင်း...
" မင်းတို့ ငါ့ကို အခုလို အတင်းခေါ်လို့ ဘာအကျိုးအမြတ်မှမရနိုင်ဘူး....မင်းတို့ကို ဘာနည်းပညာမှ ပေးနိုင်မှာ မဟုတ်ဘူး"
သူပြောတော့ ဟိုဘက်က လူမှ လှောင်ရယ်သံပြုတယ်...
" အဲ့အတွက် ခေါင်းဆောင်က မှာလိုက်ပါတယ်... မလိမ္မာရင် သတ်ပစ်ခဲ့တဲ့...!!"
သူ့စကား မဆုံးခင်မှာဘဲ ဖောင်းခနဲ အသံနဲ့အတူ မတရား စူးရှနေသည့် အလင်းရောင်က ရုတ်တရက်ကြီး ထွက်လာသဖြင့် ထိုလူတွေ အကုန် မျက်စိတွေ ဖွင့်ဖို့ မတတ်သာတဲ့ အတွက် အုပ်ကာလိုက်ကြတယ်....
သေချာပေါက် Xiao Zhan လက်နက်ဆန်းထဲက တစ်ခု...
သူတို့ မျက်လုံး ပြန်ဖွင့်တဲ့ အချိန်မှာ Xiao Zhan တို့၂ ယောက် မရှိတော့...
" ဝေးဝေးမရောက်လောက်သေးဘူး...မြန်မြန်ရှာကြ .."
-
-
-
-" ဖုန်းဆက်ထားတယ် ... ရဲဌာနချုပ်ကို လူပို့လိုက်ဖို့"
Yi Bo နဲ့ Xiao Zhan တို့ကလည်း ထင်ထားသလိုဘဲ Club နှင့် ဝေးဝေးသွားမရ... အဲ့လောက် လူအင်အားခေါ်လာပုံ ထောက်ရင် လူရှေ့သူရှေ့လည်း ရှောင်မည့်ပုံမပေါ်...
လမ်းမပေါ်တက်ရင် မဆိုင်သည့်လူတွေပါ ထိမည်က အသေအချာ..
Club ဘေးက လမ်းကြား အမှောင်ရိပ်တစ်နေရာမှာ ပုန်းနေလိုက်တယ်...