Eps1

9 1 0
                                    

သံလွင်မြစ်၏မြစ်ရေပြင်ကျယ် ဝင်းဝင်း
ပေါ်တွင် လှေ သဗ္ဗာန် များစွာ တို့ ခုတ်မောင်းသွားလာနေကြ၏။တရုတ်နိုင်ငံ ယူနန်ုပြည်နယ်မှ တရွေ့ရွေ့လူးလွန့် စီးဆင်းလာသော lanchan (လိုင်ချန်)ခေါ်သံလွင်မြစ်သည် မြန်မာတိုင်းရင်းသားတို့၏ စည်လုံးညီညွတ်မှုနှင့် အတူ​အေးချမ်​းသာယာလှပ​သောချစ်​ခြင်​း​မေတ္တာတရားများကို​ဖော်​ညွှန်​း​နေပေ​၏။ရှမ်းပြည်နယ်မှစ၍မွန်ပြည်နယ်တိုင်အောင် စီးဆင်းနေသော ဤမြစ်ကြီးသည် မိမိတို့လူမျိုုးတစ်မျိုးချင်းစီ၏ အသက်သွေးကြောပင် ဖြစ်လေသည်။ဤတန်ဖိုး မဖြတ်နိုင်သော မြစ်ကြီးကို မြတ်နိုးသူတစ်ဦးရှိပေသည်။ထိုသူကား 'ထူထဲသော မျက်ခုံးတစ်စုံကို ပိုင်ဆိုင်ထား၏။ ဝိုင်းစက်သော မျက်ဝန်းတစ်စုံရှိလေရာ စွဲဆောင်မှု တစ်ခုဟုပင်ဆိုရပေလိမ့်မည် ။နှုတ်ခမ်းကလေးများမှာ စိုပြေသယောင်ရှိလှသော်လည်း အတော်ကြီးမဟုတ်။ ယောကျာ်းတစ်ဦးနဲ့ ရှိထိုက်သော အရပ်အမောင်းရှိသော်လည်း
တောင့်တင်းသော ခန္ဓာကိုယ်မဟုတ်ချေ ။
သူ၏နာမကို မှည့်ထားသည်ကား
"မင်းကျိုက်ကို'' ........

ကျနေထိုးသော ညနေချိန်ခါဝယ် မင်းကျိုက်ကိုတစ်ယောက် ကမ်းနားလမ်းသို့ဆင်းခဲ့၏။
ရန်ကုန်မြို့တွင် ၁၂နှစ်သားအရွယ်မှစ၍ ယခု ကျောင်းဆရာဘဝတိုင်အောင် နေထိုင်ခဲ့သော်ငြားလည်းပဲ မိမိကိုယ်ကို ရန်ကုန်သားဟုမခံယူပဲ မွေးရပ်မြေမော်လမြိုင်မြို့လေးကို သာ တမ်းတနေမိတာအမှန်ပင်။ မိဘနှစ်ပါးကား မွန်လူမျိူး စစ်ဖြစ်တာနှင့် အညီ မိမိ၏အမည်ကို မွန်နာမည်စစ်စစ်ပေးခဲ့ခြင်းကို ဂုဏ်ယူပေသည်။
ပြောရလျှင် မင်းကျိုက်ကို သည် စာဖတ်ခြင်းကို ဝါသနာ ထုံ၏ ။ သူ့ဘဝ ၏အချိန်များစွာကို စာဖတ်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
အခုလဲ ကမ်းနားနံဘေးတွင် စာအုပ်လေးတစ်အုပ်ကိုင်ကာ ဟိုလှမ်းဒီလှမ်းဖြင့်သံလွင်တံတား (မော်လမြိုင်) ကြီးနှင့်သံလွင်မြစ်ကြီး၏ အလှမှာ ဘာနဲ့မျှ မတူ ခမ်းနားနေမှုကို ခံစားနေ၏။

ိုစဉ် အဝါရောင်ဝမ်းဆက်နှင့် အမျိုးသမီးငယ်တစ်ဦး မင်းကျိုက်ကိုဘေးမှ ဖြတ်လျှောက်သွား၏။

ရသမြောက်စွာလောင်ကျွမ်းခဲ့သော်Where stories live. Discover now