Eps2

10 1 0
                                    


သို့သော်ကံကြမ္မာက ဖန်လာသည်ထင်ပါရဲ့
အရမ်းချစ်ခင်ကြသော သူတို့နှစ်ဦးအားပြန်လည်စုံတွေ့စေခဲ့သည် ။
မဝေ၏ အဒေါ်မှာမော်မြိုင်ရှိ ရက်ကန်းစက်ရုံတစ်ခုအားစျေးအချိုအချောင်နှင့်
ရရှိခဲ့ခြင်းကြောင့် မော်လမြိုင်၌ပင် အခြေချခဲ့သည်မှာ လေးငါးနှစ်ပင်ကြာခဲ့ပေပြီ။ ယခုအခါ ဒေါ်လေးမှာလူကြီးရောဂါကြောင့် ရက်ကန်းရုံကို မဦးစီးနိုင်တော့ပေ။ မဝေတို့မှာ မျိုးရိုးစဉ်ဆက် ချမ်းသာလာသူများမဟုတ်ကြပေ။ ၎င်းတို့၏ အဓိက လုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်၍ နေရပ်မှာရန်ကုန်တိုင်း ထန်းတပင်ဇာတိဖြစ်၏။
ယခုလှိုင်သာယာမြို့မှာ ထန်းတပင်မြို့နယ်၏
အစိတ်အပိုင်းတစ်ခုသာဖြစ်၏။ အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင်
လှိုင်သာယာမြို့သစ်ဖော်ပြီး စက်ရုံမှုဇုန်တည်ဆောက်ခဲ့၏။ မေ၀ အမေ နှင့် ဒေါ်ငယ်တို့မှာ ထိုလှိုင်သာယာ စက်မှုဇုန်ထဲရှိ ရက်ကန်းစက်ရုံတစ်ခုတွင် အလုပ်ဝင်ခဲ့ကြသည်။
စက်ရက်ကန်းများထွန်းကားနေပြီဖြစ်သော်လည်း မေ၀ အမေ မှာ
ရိုးရာရက်ကန်း ခတ်ခြင်းကို အပျိုအရွယ်ကပင်နှစ်ခြိုက်၍ ရွာထဲရှိ ရက်ကန်းခတ်သော အမျိုးသမီး ထံတွင် ပညာယူခဲ့၏။
ထို့ကြောင့် မဝေ၏ အမေ မှာ စက်ရက်ကန်းအပြင် ရိုးရာ ရက်ကန်းပါ ကျွမ်းကျင်ပိုင်နိုင်စွာ ရက်လုပ်နိုင်ပေသည်။မဝေတို့မိသားစုမှာငွေကို စနစ်တကျ ခြိုးခြံချွေတာသုံးစွဲမှုကြောင့် နှစ်အနည်းငယ်အတွင်း၌ပင် ငွေအတော်အတန်စုမိလာ၏။ ရည်ရွယ်ချက်ကြီးမားသော မေ၀ ဒေါ်ငယ်၏ စနစ်တကျ လုပ်ကိုင်မှုများကြောင့် မဝေတို့မိသားစုမှာ ယခင်ကထက်ချောင်လည်လာခဲ့ပေသည်။
မေ၀ မှာလည်း တက္ကသိုလ်ဝင်တန်း အားနှစ်ချင်းပေါက်အောင်မြင်ခဲ့ပြီး သူဝါသနာပါသော ကျောင်းဆရာမ ဘ၀ အားရရှိခဲ့ပေသည်။ သို့သော် ကံကြမ္မာ က မဝေတို့အား မျက်နှာသာမပေးခဲ့ပါချေ။ မေ၀ နယ်၌တာဝန်ကျနေစဉ်ကာလ အတွင်း မေ၀ အဖေနှင့်အမေမှာ ယာဉ်မတော်တဆ မှု ကြောင့်ကွယ် လွန် တိမ်းပါး ခဲ့ကြ၏။ မေ၀ မှာ မိဘများ ဆုံး ပါး သွား သည့်အကြောင်းကို ကာလအတန်ကြာမှ စာ ရရှိခဲ့၏။ နယ်မြေ မအေးချမ်းမှုများကြောင့် သွားရေးလာရေးခက်ခဲမှုကြောင့်ဖြစ်၏။
သို့သော်လည်း မဝေအဒေါ် မှာ အပျိုကြီး ပီပီ စီမံ ခန့်ခွဲ မှုကြောင့် မေ၀ ရန်ကုန်၌ တာဝန်ပြန်ကျ ၍ မကြာမီမှာပင် မော်လမြိုင်ရှိ ရက်ကန်းစက်အား စျေး အချိုအချောင်နှင့် ရရှိခဲ့ခြင်းကြောင့် အစိုးရ ၀န်ထမ်းဘ၀ မှ ထွက်ကာ မေ၀ အဒေါ် ၏ လုပ်ငန်းများအား ကူညီလုပ်ကိုင်ပေးခဲ့၏။
############################

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Apr 22, 2020 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

ရသမြောက်စွာလောင်ကျွမ်းခဲ့သော်Tahanan ng mga kuwento. Tumuklas ngayon