Part 3

497 30 0
                                    

Ariana ဖုန်းမြည်သံကြားတော့ screen ကို တချက်ကြည့်လိုက်ပီး မျက်နှာပေါ်မှာအပြုံးပန်းတစ်ပွင့်ပန်ဆင်သွားတယ်။

"Hello... Ko"

Ariana ရဲ့ချစ်သူ Benjamin ထံမှဖုန်းလာတာဖစ်တယ်။
ခဏနေကြတော့ Ariana ဟိုဘက်ကစကားပြောလို့ဆုံးသွားတာနဲ့ ဖုန်းကိုပိတ်လိုက်ပီး စားပွဲပေါ်ကိုငြင်သာစွာတင်လိုက်ပီး ဖုန်းမပြောခင်ကမျက်နှာရဲ့ဆန့်ကျင်ဘက်သို့ပြောင်းလဲသွားတယ်။ ထိုင်ခုံပေါ်မှာငူငူကြီးထိုင်နေရင်း မျက်လုံးမှ မျက်ရည်တို့က အလိုလိုကျလာတယ်။ ဘေးနားမှာရပ်နေတဲ့ Billie ကကိုယ့်သူငယ်ချင်းဖစ်သူရဲ့အဖစ်ပျက်ကိုမြင်တော့ ထိုင်နေတဲ့ Ariana ကိုအနောက်ကနေ လည်ပင်းကိုသိုင်းပီးဖက်လိုက်တယ်။

" Ariana ရေ သူငယ်ချင်း နင့်စိတ်ကိုလျော့ပါဟာ..... ဘာဖစ်လို့နင်ဒီလောက်ဝမ်းနည်းနေရတာလဲ...ငါ့ကိုပြောပြ...ငါကူညီလို့ရရင်ကူညီမယ်..နင်ငါ့ကိုပြောပြပါဟာ....အဲ့လောက်ကြီးငိုမနေပါနဲ့ဟယ် နေမကောင်းဖစ်လိမ့်မယ်ဟ"

Billie မေးပီးခဏတော်တော်ကြာတော့မှ

"ခုနက ငါ့ဆီသူ့ဖုန်းလာတယ်ဟ...ဒါမဲ့ သူမဟုတ်ဘူး ငါ့ကိုဖုန်းပြောတာ......"
"ဟမ် သူ့ဖုန်းကိုဘယ်သူယူဆက်တာလဲဟ😱"

"လမ်းသွားလမ်းလာတယောက်ကဆက်တာတဲ့ သူကား accident ဖစ်လို့သတိလစ်ပီးခေါ်လို့မရတာနဲ့ဖုန်းဖွင့်ကြည့်ပီး နောက်ဆုံးသူခေါ်ထားတဲ့ဖုန်းနံပါတ်ကိုလှမ်းဆက်လိုက်တာတဲ့"

"ဟဲ့ အဲ့တာဆိုသူဘာဖစ်သွားလဲ အခုနင်ဒီလိုထိုင်ငိုနေရမယ့်အချိန်မဟုတ်ဘူးလေဟယ်.....ထ....ငါလိုက်ပို့ပေးမယ် ဘယ်ဆေးရုံလဲ..နင်သိတယ်မလား"

2ယောက်သားမြန်မြန်ထပီးဆေးရုံကိုလိုက်သွားတယ်။
ဆေးရုံရောက်တော့ကောင်တာကစာရေးကိုမေးတော့ အရေးပေါ်အခြေနေနဲ့ခွဲခန်းဝင်နေတယ်လို့ပြောတာနဲ့ခွဲခန်းဘက်ကိုမြန်မြန်ထွက်လာတယ် ခွဲခန်းရှေ့ရောက်တော့ Ben ရဲ့အမေကငိုနေရင်းရပ်ပီး ခွဲခန်းထဲကိုလှမ်းမျှော်ပီးကြည့်နေတယ်။ Ariana ရဲ့ခြေလှမ်းကရပ်တန့်သွားတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ Ben နဲ့တွဲနေတာကို သဘောမတူဘူးလေ။ Ben ရဲ့အမေက Ariana ကိုခါးခါးသီးသီးဖြစ်နေတာ။ ဒါပေမယ့် Ben ရဲ့အခြေနေကိုသိချင်တာနဲ့ Ben ရဲ့အမေကိုခဏမေ့ထားပီး ခွဲခန်းရှေ့ကိုဆက်လျှောက်လာတယ်။

"ဟမ်.....နင်...ငါ့သားဆီလာသေးတယ်ပေါ့....ငါ့သားလေး အခုလိုဖစ်ရတာနင့်ကြောင့် နင့်ကြောင့် နင့်ဆီလာရင်း ဒီလိုတွေဖစ်ကုန်တာ...နင်ကြောင့်ငါ့သားလေးအမြဲဒုက္ခရောက်ရတာ.....နင်ထွက်သွား နင်ငါ့သားနဲ့မပတ်သက်နဲ့......."

Ben ရဲ့အမေက ငိုနေရင်းပြောလည်းပြော Ariana ကိုလည်းလက်နဲ့ရိုက်ဖို့လက်ရွယ်လိုက်ချိန်မှာ Billie က2ယောက်ကြားထဲကိုဝင်လိုက်ပီး Ariana ကိုကာပေးလိုက်တယ်။

"အန်တီ....ရပ်လိုက်ပါ... Ariana ကိုနာအောင်မလုပ်ပါနဲ့....အန်တီ့သားအခုလိုဖစ်ရတာ သူနဲ့ဘာမှမဆိုင်ဘူး......"

Billie က Ariana ကိုကာပေးနေရင်း Ben ရဲ့အမေကိုပြန်အော်ပြောလိုက်တယ်။ Ariana ကတော့ငေါင်ငေါင်ကြီးရပ်နေတယ်။
ခဏနေတော့ ခွဲခန်းထဲကနေဆရာဝန်တယောက်ထွက်လာတယ်။

"ဆရာ....သားလေးအခြေနေဘယ်လိုလဲ...."

"ဟုတ်ကဲ့ ခွဲစိတ်မှုအဆင်ပြေပါတယ် ကားအချင်းချင်းတိုက်ပီးကားရဲ့လေအိတ်ကခံနေတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့အဓိကအစိတ်ပိုင်းတွေဘာမှမဖစ်လို့တော်ပါသေးတယ်..ခြေထောက်ကကားထဲမှာညပ်သွားတဲ့အတွက်ကြောင့်ကျိုးပီးအခြေနေဆိုးနေလို့အရေးပေါ်ဝင်ရတာပါ....အခုလောလောဆယ်တော့မေ့ဆေးပေးထားပါတယ်"

ပြောပီးဆရာဝန်လည်းထွက်သွားတယ်။

Ben အမေက  Ben ကိုအကောင်းဆုံးအခန်းမှာ ထားစေတယ်။

နောက်နေ့........
Ariana တယောက် Ben ရှိတဲ့ဆေးရုံကိုမနက်စောစောထွက်လာပီး Ben ရဲ့အခန်းထဲဝင်သွားတယ်။ Ben ကခုတင်ပေါ်မှာ ခေါင်းရင်းကတန်းကိုကျောမှီပီးထိုင်နေတယ်။

"ဟာ.....Ariana...ကို့ဆီလာတာလား ကိုကစောင့်နေတာ..."

ပြုံးပီးပြောနေတဲ့ ben ကို အခန်းထဲဝင်တဲ့တံခါးပေါက်မှာရပ်နေတဲ့ Ariana ကချက်ချင်းပင် မျက်ရည်ဝဲတက်လာပီး Ben ကိုပြေးဖက်လိုက်တယ်။

"အ....ဖြည်းဖြည်းဖက်ပါ ဒီကအရိုးတွေလည်းကျိုးကုန်ပါအုံးမယ်"

"Sorry....Ko... ကို့ကိုအခုမြင်ရလို့ဝမ်းသာပီးစိတ်မထိန်းနိုင်ဖစ်သွားလို့ပါ... ဘယ်နားနာသွားသေးလဲဟင်"

အခန်းတံခါးဖွင့်သံနဲ့အတူတူ.....

"ကြည့်စမ်း....မနက်စောစောစိတ်ပျက်စရာမြင်ကွင်းပါလား"

2ယောက်သားပျော်နေတုန်းရှိသေးတယ် မကောင်းတာကဝင်လာပြန်ပီလေ😱........။

နောက်တပိုင်းကိုမနက်ဖန်ထပ်တင်ပေးပါ့မယ်နော်😁 ဖတ်ရှုတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်❤

I hate that I still love youWhere stories live. Discover now