အပိုင်း (၁၈)

5.7K 554 15
                                    

EVERY CHAPTER is written in BOTH ZAWGYI and UNICODE

ZAWGYI

ကိုယ်ချစ်ရတဲ့သူရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရပီး
နောက်နေ့မနက်မှာလည်း
သူကိုယ့်ကိုချစ်နေတယ်ဆိုတဲ့
အသိနဲ့နိုးထရတဲ့ မနက်ခင်းတွေက
တကယ်ကို ချိုမြိန်ပါတယ်..

မနက် ဘယ်နနာရီလည်း
ဝမ်ရိဘို မသိ..သူ၏ ဘေးဘက်မှ
လှုပ်ရှားမှုကို ခံစားသိလိုက်ရ၍သာ

"ကျနော်..အိပ်ဦးမယ်..ခနလေးပဲ.
မနှိုးနဲ့နော်..တကယ်ခနပဲ" ဟူ၍
မထချင်သောကြောင့်ပါးစပ်က ပြောမိပြောရာ
ပြောလိုက်မိသည်..

"အင်းပါ..ညီရဲ့..ကိုမနှိုးဘူးနော်..
ကိုကသွားရတော့မှာမို့ထတာ..
ညီပြန်အိပ်နော်" ဟူ၍ပြောသံကိုတော့
ယောင်ဝါးဝါး ကြားလိုက်ရသေးသည်..
တကယ်ဟုတ်သည်လား..မဟုတ်သည်လားလည်း
မသိ.. နှုတ်ခမ်းတစ်ခုလုံး
ပူနွေးနူးညံ့သော အထိအတွေ့လည်း
ခပ်ရေးရေးခံစားမိသေးသည်..
အဲ့ဒီနောက်တော့ ပုခုံးကိုခပ်ဖွဖွပုတ်ကာ
"ညီ..အိပ်နော်"ဟူသော
ချော့သိပ်နေသယောင်ယောင်
ရေရွတ်သံကိုကြားပြီး
ပြန်အိပ်ပျော်သွားလိုက်သည်မှာ
ဘယ်အချိန်ရှိသွားပြီမှန်းတောင်မသိ..
Chengduသွားတုန်းက အလုပ်ရှုပ်ပြီး
ပင်ပန်းနေတဲ့အပြင် ရှောင်ကျန့်နဲ့ကိစ္စကိုပါ
စဉ်းစားရ တွေးရလွန်း၍ စိတ်လည်းအရမ်းပင်ပန်းခဲ့လေတော့ အခု အပြည့်အဝအနားယူရပီပေါ့..
အိပ်ရာနိုးတဲ့အချိန် သူ၏ဘေးဘက်ခြမ်းကို
လက်ဖြင့်စမ်းကြည့်တော့ ခပ်ပေးအေးအထိအတွေ့နှင့် မွေ့ရာကိုသာ စမ်းမိလေသည်..
မိမိအိပ်ပျော်နေသည်မှာလည်း..
အကြင်သူ၏ရင်ခွင်ထဲတွင်မဟုတ်
သူထမသွားခင်
အသေအချာ ခေါင်းအုံးပေါ်
နေရာချပေးခဲ့ဟန်တူသည်..

ဖုန်းကိုယူကြည့်လိုက်တော့ ၁၀နာရီထိုးနေပြီဖြစ်သည်.ဝမ်ရိဘိုလည်း ချက်ချင်းပင်အိပ်ရာမှထပြီး

"ရှောင်ကျန့်...ကိုကိုရေ"ဟုခေါ်သော်လည်း
တုံ့ပြန်သံမကြား.. ထိုအခိုက် အိပ်ခန်းထဲ လှည့်ပတ်
ကြည့်တော့မှ အိပ်ရာဘေးက မီးအိမ်တင်ထားသည့်
စားပွဲခုံပုလေးတွင် စာတစ်စောင်တွေ့ရလေသည်..

"ညီရေ.. ကို့shootingနောက်ကျမှာစိုးလို့
သွားတော့မယ်နော်..ညီအရမ်း ပင်ပန်းနေမှန်း
သိလို့ ကို မနှိုးခဲ့လိုက်တော့တာ..မနက်စာလည်း
ပြင်ပေးခဲ့တယ်..စားဖြစ်အောင်စားသွားနော်..
အိမ်ပြန်မယ်ဆိုလည်းရတယ်..
အိမ်မပြန်ဘဲ အနီးအနားလျှောက်သွားပြီး
ကို့အိမ်ကို ပြန်လာရင် အဆင်ပြေအောင်
တံခါးpasswordကို ဖုန်းထဲmessageပို့ထားတယ်.
Good Morningနော်ညီ..
ဒါနဲ့..ညီ့နှုတ်ခမ်းတွေက ဘယ်အချိန်မဆို ချိုနေတာလား"

Into the WorldWhere stories live. Discover now