အပိုင်း(၂၀)

5.4K 618 24
                                    

EVERY CHAPTER IS WRITTEN IN BOTH ZAWGYI AND UNICODE

ZAWGYI
"ဝမ်ရိဘို..ရောက်လာသေးတယ်နော်..
ငါ့ကိုမပြောပဲ ဘယ်တွေသွားနေတာလဲ
အခုတလော မူကိုမမှန်တာ..
မင်းကောင်မလေးရနေပြီလား"

"မဟုတ်ပါဘူး.အကိုဖေးရယ်.ဒီတိုင်းပျင်းလို့
ဒီနားခနထွက်သွားတာ"

"ငါ့ကို မလိမ်နဲ့နော်.. မင်းတစ်ခုခုပြဿနာတက်ရင်
ငါက အကုန် အဆင်ပြေအောင် စီစဉ်ထားဖို့မေးတာ
ရိဘို..ငါရစ်နေတာမဟုတ်ဘူး"

"သိပါတယ်..ကျနော်ဝတ်စုံရွေးပီးသား
Makeup artist နဲ့တိုင်ပင်ပြီးပြင်ရုံပဲ"

" အေး..အစကတော့ Designerနဲ့ပါ
တွေ့ရမယ်ဆိုပြီး စောလာခေါ်တာ..
ဝတ်စုံ confirmed မဖြစ်သေးဘူးထင်လို့
အခုတော့နည်းနည်းနောက်ကျမှသွားလို့ရတယ်..
Make up onရုံပဲဆိုတော့.. နေစမ်းပါဦး
ဝတ်စုံက ဘယ်လိုဖြစ်လို့
ရွေးပြီးသား ဖြစ်တာလဲ..မင်းစိတ်တိုင်းမကျဘူးထင်နေတာ."

"ဒီလိုပဲ ဖြစ်သွားတာ"

"ဘာလဲ..ကောင်မလးရွေးပေးတာလား?"

"ပေါက်ကရတွေမပြောစမ်းနဲ့"

"အမလေး..အဖြစ်သည်းနေတာ..ဒါလေးစတာကို.
ငါcompany တစ်ခေါက်ပြန်မသွားတော့ဘူးနော်
ဒီမှာပဲစောင့်ပြီးမှတူတူသွားမယ်"

"ရှုပ်လိုက်တာ..သူများတစ်ယောက်တည်းနေချင်တာကို"

"မင်းက ဘယ်တုန်းက တစ်ယောက်တည်း
နေချင်သွားရတာလဲ ပြောပါဦး"

"ဘယ်အချိန်ဖြစ်ဖြစ်ပေါ့"

~~~~~~~~~~~

" ဝိုး..ဒီတခါ မောင်လေးရွေးထားတဲ့
ဝတ်စုံကတော်တော်မိုက်တာပဲ
ကိုယ်တိုင်ရွေးထားတာလား
Designerနဲ့လား"

"ဘယ်သူရွေးပေးပေးပါ"

"ဟယ်..Jieကတော်တော်မိုက်လို့ပြောတာပါ
စိတ်မဆိုးပါနဲ့"

Makeup artistသည် ပြောလည်းပြောရင်း
ဝမ်ရိဘို ပုခုံးကို ခပ်သာသာ
လက်နဲ့ရိုက်လိုက်လေသည်...

《WYB》 What the fuck! သူက
ဘာဖြစ်နေတာလဲ!/

ရိဘိုသိသည်..အရင်ကလည်း ထိုအမျိုးသမီးက
နည်းနည်း ကလပ်တက်တက်ဖြစ်နေပေမယ့်
အခုတလော အပြုအမူတွေရဲတင်းလာသည်လေ
သူချစ်တဲ့ခင်တဲ့သူတွေကလွဲ သူ့အသားကို
တခြားသူထိသည်ကို ရိဘိုတကယ်မကြိုက်ပေ..
စကားပြောလျှင် ညုတုတုနှင့်မို့
အရင်တည်းက စိတ်ထဲအဆင်မပြေသော်လည်း
သည်းခံ၍ရသည့်အတိုင်းအတာမို့
သည်းခံနေချင်းသာ ဖြစ်သည်လေ..

Into the WorldWhere stories live. Discover now