"ထွေးပွေ့ထားချင်တာပေါ့ ကိုယ်သိပ်မြတ်နိုးတဲ့မင်းကို
ဘယ်နေရာကိုမှမသွားနိုင်အောင်ဒီရင်ဘတ်ကြီးထဲမှာထည့်ထားချင်တာပေါ့ကွ"ရင်ဘတ်ကိုတဘုန်းဘုန်းထုပြီးမျက်ရည်တွေတစ်သွင်သွင်ကျနေတဲ့သူ့ကိုကြည့်ရတာ အို..ကျွန်တော့ရင်တွေနာလိုက်တာ။
"အဲ့ဒီနှုတ်ခမ်းဖူးဖူးတွေကိုလဲခိုးနမ်းရုံနဲ့မကျေနပ်ချင်တော့ပေမဲ့ ဘယ်တတ်နိုင်မှာလဲ
ဟမ်! ကိုယ်တတ်နိုင်တာဘာရှိမှာလဲ
မင်းချစ်တာက...မင်းချစ်တာကကိုယ်မှမဟုတ်တာ
ဟက်! ကိုယ် မှ မ ဟုတ် တာ"နောက်ဆုံးစကားကိုဖျော့တော့တိုးညင်းစွာပြောအပြီးမှာမျက်ရည်များနဲ့ဒူးထောက်ကျသွားတဲ့သူ...
ကျွန်တော့ရဲ့သူ...
ကျွန်တော်သိပ်ချစ်ပေမဲ့ ထုတ်ပြောခွင့်မရှိပါသော ကျွန်တော်ရဲ့တစ်ဦးထဲသောသူ...။ငိုကျွေးနေပါသောသူ့ရင်ခွင်ကျယ်ထဲကိုပြေးဝင်နစ်သိမ့်ချင်တဲ့စိတ်တွေကိုချိုးနှိမ်ဖို့ရာ သူရှိရာကိုကျောခိုင်းမှဖြစ်မှာမို့
အတွင်းနှုတ်ခမ်းသားတွေစုတ်ပြတ်သတ်နေပြီပေမဲ့
မျက်ရည်တွေဟာထိန်းမနိုင်အောင်ကျဆင်းနေပြီမို့
ဘယ်ဆီမသိခြေဦးတည့်ရာ သူနဲ့အဝေးကိုကျွန်တော်ပြေးလာခဲ့မိပြီ...။*ဂွီ* (ဂျွန်ထယ်ထယ်၏သစ်တော်သီးလေးမှထွက်လာသောအသံ🌝)
"ဟာာာ...ဒီဗိုက်ကလဲဖီးလ်ပျက်လိုက်တာ
ကောင်းခန်းရောက်နေတဲ့ဟာကို ဟွန့် သူ့ကြောင့်ဆက်မဖတ်ချင်တော့ဘူး""ဟင်း...ဂျောင်ကုကြီးကလဲအခုထိပြန်မလာသေးဘူး"
ဂျောင်ဂုထွက်သွားထဲက ခေါက်ဆွဲတစ်ထုပ်ပဲပြုတ်စားပြီး သူအခန်းအောင်းနေခဲ့တာ။ ရေခဲသေတ္တာထဲကမုန့်တွေယူစားထားတာတော့မပါဘူးပေါ့။ စိတ်ဆိုးနေတယ်ဆိုတာသိရဲ့သားနဲ့ချော့လဲမချော့သွားတဲ့အပြင်မနက်စာပါပြင်မပေးသွားတဲ့ချစ်လင်ကြီး။
အရေးကြီးအလုပ်ကိစ္စပေါ်လာလို့ကိုယ့်ဘာသာကိုယ်ခေါက်ဆွဲပဲပြုတ်စားလိုက်တော့...တဲ့ အဟင့်။ဘယ်လောက်ပဲမချစ်ပဲနဲ့ယူထားပါစေအုံး သူ့ရဲ့လင်ယောက်ျား,ကျွန်တော့်ကိုမနက်စာပြင်ပေးတာထက်အရေးကြီးတာရှိတယ်ပေါ့လေ။ ဟွန်း
အဲ့တာနဲ့ပိုစိတ်ဆိုးပြီး အခန်းအောင်းရင်းWattpadသုံးနေလိုက်တာ ဘယ်ချိန်အိပ်ပျော်သွားမှန်းမသိ။
မေမေတို့ထမင်းစားဖို့လာခေါ်တာလဲမသိလိုက်။
သေချာပေါက်တော့လာခေါ်မှာပဲအိပ်နေလို့မနှိုးတာဖြစ်မယ်။
YOU ARE READING
☁️ ᗷE YOᑌᖇ Oᗯᑎ ᑕᒪOᑌᗪ
Fanfictionကိုကို...ထယ့်ရဲ့တိမ်လေးလုပ်ပါလားဟင် ကိုယ့်ကအစထဲကထယ့်ရဲ့တိမ်လေးပါကွာ အမြဲတမ်းထယ့်နောက်ပဲတစ်ကောက်ကောက်လိုက် နေတဲ့ ထယ့်ရဲ့တိမ်ဆိုးလေး .... //Taekook//