"ထယ်ယောင်းရေ ရေချိုးနေတာလား
ဘာလို့လော့ချထားတာလဲ
ငါခေါ်နေတယ်လေ ထယ်ယောင်း
ထယ်ယောင်း ငါပြောတာမကြားဘူးလား"ဘာမှရေမချိုးဘူး...စိတ်ဆိုးနေတာဟေ့ စိတ်ဆိုးနေတာ။
"ထယ်ယောင်း... ငါမုန့်တွေဝယ်လာတယ်
မင်းမစားဘူးလား
ငါတစ်ယောက်ထဲစားလိုက်ရမှာလား"မုန့်တွေ..... ဂျောင်ဂု မဆိုးဘူးပဲ
ဒါပေမဲ့ နဲနဲကြာကြာတော့မူလိုက်အုံးမယ်...
အစားအသောက်အတွက်နဲ့ရင်ခုန်ရအောင် ကိုယ်ကကင်မ်ဆော့ဂျင်မှမဟုတ်တာပဲ..။"ထယ်ယောင်း...ဂျွန်ထယ်ယောင်း !
ငါခေါ်နေတယ်လေ ဂျွန်ထယ်ယောင်း !!
ဂျွန်ထယ်ယောင်း !! "ဂျောင်ဂုကအော်နေတာ? တံခါးမဖွင့်ပေးလို့ဒေါသထွက်နေတာလား...
စိတ်ဆိုးနေကြောင်းအသံပေးလိုက်ရမလား...။သူဒီလိုမျိုးအသံနှုန်းနဲ့ ကိုယ့်နာမည်ကိုတစ်ခါမှမခေါ်ဖူးတာကြောင့် လူကတစ်ကယ်ကိုရင်တွေတုန်နေမိပြီ။ သူနဲ့ဆိုဘယ်တုန်းကမှရန်မဖြစ်ဖူးဘူး၊ အမြဲတမ်းသူ့အလိုကိုလိုက်ပြီး အခုလိုမျိုးအသံကျယ်ကျယ်နဲ့တောင်စကားမပြောဖူးပေ။
စကားပြန်ပြောဖို့လုပ်ပေမဲ့ အသံတွေကလည်ချောင်းထဲမှာပဲရပ်တန့်ကုန်တယ်။
ပါးပေါ်ကပူနွေးနွေးခံစားမှုကြောင့်လက်နဲ့
စမ်းကြည့်တော့ မျက်ရည်တွေ...။ အသံကျယ်ကျယ်နဲ့နာမည်အခေါ်ခံရရုံနဲ့
မျက်ရည်ကျရအောင် ကျွန်တော်ဘယ်တုန်းထဲက
ပျော့ညံ့နေခဲ့တာပါလိမ့်။
ဒါမှမဟုတ် သူကပဲကျွန်တော့်အပေါ်
လွှမ်းမိုးမှုနိုင်လွန်းတာလား..။အတွေးတွေနဲ့ဗျာများနေတုန်းမှာ ဝုန်းခနဲအသံနဲ့အတူ ပျက်စီးသွားတဲ့အခန်းတံခါး...
သစ်သားစအချို့ကတောင်ကုတင်ပေါ်မှာထိုင်နေတဲ့သူ့အနားရောက်လာတယ်...
နောက် လွန်စွာမှဒေါသထွက်နေသော
မျက်နှာထားနဲ့ ဂျွန်ဂျောင်ဂု။
[ စိုးရိမ်နေတဲ့မျက်နှာထားပါဟ - - ]"ထယ်ယောင်း!"
"ဂျောင်...ဂျောင်ဂု"
"ဘာဖစ်နေလို့လဲ ဟင်! ဘာမှမဖြစ်ဘူးလား
ငါခေါ်နေတာဘာလို့မထူးတာလဲ ဟမ်!
ငါ့ကိုသေစေချင်လို့လား... ငါ့ကိုသေသွားစေချင်လို့လား ထယ်ယောင်း ဟမ်!
ငါမေးနေတယ်လေ"
YOU ARE READING
☁️ ᗷE YOᑌᖇ Oᗯᑎ ᑕᒪOᑌᗪ
Fanficကိုကို...ထယ့်ရဲ့တိမ်လေးလုပ်ပါလားဟင် ကိုယ့်ကအစထဲကထယ့်ရဲ့တိမ်လေးပါကွာ အမြဲတမ်းထယ့်နောက်ပဲတစ်ကောက်ကောက်လိုက် နေတဲ့ ထယ့်ရဲ့တိမ်ဆိုးလေး .... //Taekook//