လပြည့်ဟာ လေးရက်အလို...
ဒီနေ့ည Kim မျိုးနွယ်စု၏ ပျော်ပွဲရှိနေတာမို့ သူတို့မျိုးနွယ်စု တစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။သို့ပေမယ့်Jimin ကတော့ စမ်းချောင်းနားက ကျောက်တုံးကြီးကြီးတစ်ခုပေါ်တွင်ထိုင်ရင်း အလျဉ်မပြတ်စီးဆင်းနေသော ရေကိုသာကြည့်နေလိုက်၏။သိလား Jeongguk ငါ့အချစ်တွေကလည်း ဒီစမ်းရေတွေလိုပဲ အလျဉ်မပြတ်လည်း စီးဆင်းနေတယ်။
ညမအိပ်ရသေးပေမယ့် Jimin အိပ်လည်းမအိပ်ချင်ပေ။စမ်းရေကြည့်ရတာ ကြည်လင်ပြီး အေးစက်နေလောက်သည်။ စိမ်းလဲ့နေသော ရေပြင်ကိုကြည့်ရင်း Tae Hyung ရဲ့မျက်လုံးတွေကိုတောင်သတိရလာသလို။သူ့ကိုပိုင်ဆိုင်ရမည့် Beta ဟာ တကယ်ကံကောင်းပါသည်။
သူရေဆင်းဆော့ချင်စိတ် ပေါက်သွားသည်မို့ မျက်လုံးအစုံကိုမှိတ်ကာ တစ်မှတစ်ဆယ်အတွင်းရေရင်း Werewolf အသွင်သို့ပြောင်းလိုက်သည်။ပြီးမှ ရေထဲသို့ဖြည်းဖြည်းချင်း ဆင်းလိုက်၏။ထင်သည့်အတိုင်း ရေကအေးစက်နေသည်မို့တစ်ချက် တုန်သွားမိသည်။လူအနေနှင့်သာဆို ကြက်သီးမွှေးညှင်းထမိလောက်တယ်။
ရေထဲရောက်မှ လူအသွင်သို့ပြန်ပြောင်းလိုက်ရင်း အေးစက်သောရေ၏ အထိအတွေ့ကို ခံစားမိသည်။လန်းဆန်းသွားသောစိတ်ကြောင့် စိတ်လိုလက်ရပြုံးမိ၏။ကြည်လင်နေသောရေကြောင့် သူ့ရဲ့ မိမွေးတိုင်းဖမွေးတိုင်း ခန္ဓာဟာ ဖောက်ထွင်းမြင်နေသည်။နတ်ရေကန်ထဲမှ မွေးဖွားသန့်စင်လာသော နတ်သားလေးလို။
ရွှေရောင်ဆံနွယ်များတွင် ရေပေါက်များတွဲခိုနေသည်ကို ခါယမ်းလိုက်တော့ နေရောင်ထဲ လင်းလက်နေသော စိန်ပွင့်လေးများလို ဖွားကနဲ လွင့်စင်သွားလေသည်။စိမ်ပြေနပြေရေထဲစိမ်ရင်း ရောက်တတ်ရာရာများတွေးနေချိန် သူအလွန်ခုံမင်သည့်ရနံ့ဟာ နှာခေါင်းဖျားစီတိုးဝေ့လို့လာသည်။
နောက်ကိုပင်လှည့်ကြည့်ရန်မလိုဘဲ ဘယ်သူဆိုတာ Jimin တန်းသိလိုက်ပါပြီ။ ရေထဲသို့ ဆင်းလာသော ခြေလှမ်းသံတို့ကိုကြားနေရပြီဖြစ်သောကြောင့်နှလုံးသားဟာ အခုန်မြန်လာ၏။