မြစ်ရိုးတစ်လျှောက်လေတို့က တဖြူးဖြူးတိုက်ခတ် လျှက်ရှိနေလေသည်။နေဝန်း၏ နီရောင်ဟာ ရေပြင်ပေါ်အပ်ကျလျှက်။နီသွေးသွမ်းသော ရေပြင်မှာ တစ်ခါကလည်း သွေးချင်းချင်းရဲခဲ့ဖူး လေသည်။အော်ဟစ်သံ၊အကူအညီတောင်းသံ၊
နို့ဆာ၍ငိုကြွေးနေသော ကလေးငယ်တို့၏ အော်ငိုသံ၊စသည်တို့က ဤမြစ်ရေပြင်ဝယ် ရုပ်ရှင်ပြသလို တစ်ကွက်ချင်းပေါ်လာလေ၏။မြစ်ကမ်းနဖူးတွင် မားမားရပ်လျှက်ရှိသော ခေါင်းဆောင်၏ အရှိန်ကြောင့်ပင်လားမသိ။
နေရောင်ဟာ ညှိုးရှိန်ကျဆင်းနေသလို။ ဝါဝင်းဝင်းတင့်တယ်နေလေသည်။နီရောင်ပြေး တိမ်တိုက်အချို့ဟာတော့ ခေါင်းဆောင်၏ နွမ်းလျှသော နှလုံးအိမ်ကို ကိုယ်စားပြုနေလေ
ဟန်။လေပြေတစ်ဝင့်ဝင့်ဖြင့် ခေါင်းဆောင်၏ ဆံစများမှာ အလံလိုတစ်လွှင့်လွှင့်။မျက်ခုံးတန်းတို့ ၏အောက်ရှိ စူးရဲနေသော Alpha မျက်ဝန်းများ ကားထက်မြက်မှုကို ရှင်းလင်းစွာ ဖော်ဆောင်နေပြန်သည်။ကြီးမားသော ကိုယ်ထည်ဖြင့် ပြည့်ဝသော ဉာဏ်ပညာတို့၏ ပေါင်းစပ်မှုမှာ လောကဓာတ်ရှိ werewolf အပေါင်းတို့၏ ဧကရာဇ်အမှန်စင်စစ်ဖြစ်ထိုက်ရ
ကား Jeon မျိုးနွယ်ခေါင်းဆောင်ဟူသည် မပြောစလောက်သာ ဖြစ်ပေလတ္တံ့။ခေါင်းဆောင်ဟူသော ဘွဲ့နှင့်တင့်တယ်အောင် မေတ္တာတို့ကို ရှေ့တန်းမတင်ခဲ့သည်မှာ ယခုသားငယ် ၂၅နှစ်အရွယ်သို့ရောက်ရှိခဲ့သည် အထိပင်။
သူ့တွင် သားငယ် Jeonggukမေးသလို အချစ်ရှိဖူးပါ၏လော။အို..လူသားတွေဟာ အချစ်နှင့်ကင်းကွာလို့ ထုံးစံရှိရိုးလား။ သူ့မှာလည်း အချစ်ရှိခဲ့ဖူးပါ၏။Jeon မျိုးနွယ်စုထဲမှ အထင်အရှားမရှိလှသည့် Omega ပျိုဖြူကလေးတစ်ဦးနှင့် ချစ်ကြွမ်းဝင်ခဲ့ဖူးပါသည်။အသက်ထက်မြတ်နိုးခဲ့ ၍ ဆယ်ဘဝတိုင်ချစ်ပါမည်ဟု ကတိသစ္စာပြုခဲ့ဖူး၏။
အတွေးစတို့ အတိတ်ကို နယ်ချဲ့မိသည်နှင့် နှလုံးအိမ်ထက် ဓားထက်ထက်ဖြင့် ထိုးနှက်သလို စူးအောင့်နာကျင် လာရပြန်၏။ထိုညက မြင်ကွင်း နှင့် အတူ နောင်ကို မပြုမိစေသော အမှားအပေါင်းအား ကြိုတင်တားဆီးလိုက်သည့် ပုံနှယ်။Kim မျိုးနွယ်စု ခေါင်းဆောင်(ယခုခေါင်းဆောင်၏အဖေ) ကား မင်္ဂလာပွဲအတွင်းသို့ပြေးဝင်လာသည့် ထို Omega ငယ်၏ ရင်ဝသို့ ချွန်မြိသော လှံတံဖြင့် တစ်ဆုံးထိုးစိုက်လေရာ မိမိ၏ အသည်းကြာပွတ်သည် ထိုညတွင်ပင် ဇိဝိန်ချုပ်ရတော့လေ၏။