ချယ်ရီမြေမှသခင်မကြီးဟွေ့ဖိန်း
ဆောင်းရာသီမနက်ခင်း၏ အေးချမ်းတဲ့မြူမှုန်လေးတွေသည် နေရာအနှံ့ကျဆင်းနေပေမယ့်လည်း ချယ်ရီမြေစံအိမ်တော် ပတ်ဝန်းကျင်တွင် မီးရောင်ထိန်ထိန်လင်းလင်းနှင့် တောက်ပနေပါသည် ချယ်ရီမြေစံအိမ်တော်၏ အရှေ့ဖက်တွင် ချယ်ရီပန်းပင်များရှိပြီး အနောက်ဖက်တွင် ချယ်ရီသီးပင်များရှိသည်
အိမ်တော်သခင်မကြီးဟွေ့ဖိန်းမှာ မနက်အစောကပင် အနွေးဝတ်ရုံအနီရင့်ရောင်အား ဝတ်ဆင်ကာ ခြင်းတစ်ခြင်းနှင့် အနောက်ဖက်သို့သွားခဲ့သည် သူမ၏နောက်သို့ ဟွေ့ဖိန်း၏ကိုယ်ရံတော်ကျင်းမှာ သူမနောက်သို့ တိတ်တိတ်ဆိတ်ဆိတ် လိုက်သွားသည် ဟွေ့ဖိန်းသည် နီရဲနေသောချယ်ရီသီးများကြောင့် နှုတ်ခမ်းတွန့်ကွေးရုံမျှ ပြုံးလိုက်သည်ဟွေ့ဖိန်းသည် စံအိမ်တော်ကိုအုပ်ချုပ်တဲ့ သခင်မကြီးဖြစ်ပေမယ့်လည်း ငယ်ရွယ်နုပျိုသေးပါသည် ဆယ့်ခုနှစ်နှစ်သာရှိသေးသည် ဟွေ့ဖိန်းသည် ငယ်ရွယ်သေးပေမယ့်လည်းအရာအားလုံးကို လုပ်ကိုင်တတ်သည် ထို့ပြင်ဟွေ့ဖိန်းသည် မြားပစ်ရာတွင် အင်မတန်ကျွမ်းကျင်လှပါသည် ဟွေ့ဖိန်းမှာချောမောလှပပြီး သွတ်လတ်တဲ့မိန်းမသားမျိုးဖြစ်သည် ဟွေ့ဖိန်း၏ဂုဏ်သတင်းသည် သင်းပျံ့မွေးကြိုင်လှပါသည် ချယ်ရီမြေစံအိမ်တော်ကြီးကို မသိတော့သူမရှိစလောက်ပင်
ဤမြေရှိချယ်ရီသီးပင်များသည် မျိုးရိုးစဉ်ဆက်အလိုက် စိုက်ပျိုးထားသော ချယ်ရီသီးပင်များဖြစ်သည် ချယ်ရီသီးပင်အရေအတွက်မှာ ဆယ့်ငါးပင်ရှိပါသည် ချယ်ရီသီးပင်များထဲမှ အသေးဆုံးဖြစ်သောချယ်ရီသီးမှာ ဟွေ့ဖိန်းကိုယ်တိုင် ကွယ်လွန်သွားသော ဖခမည်းတော်ဖြစ်သူအား ရည်စူး၍စိုက်ပျိုးထားသောချယ်ရီပင်ဖြစ်သည် အသေးဆုံးချယ်ရီသီးပင်လေးမှာ အရွက်စိမ်းလေးများ ထွက်နေပါပြီ
ဟွေ့ဖိန်း ချယ်ရီသီးတွေခူးနေတုန်း ကလေးငိုသံအား ကြားလိုက်ရသည် ဟွေ့ဖိန်းကလေးငိုသံလာရာကို အမြန်ပြေးပြီး လိုက်ရှာသည် ဟွေ့ဖိန်း ကလေးကို ချယ်ရီသီးပင်အောက်တွင်တွေ့လိုက်ရသည် မွေးကင်းစကလေးလေးအား ခြင်းထောင်းထဲတွင် အဝတ်များဖြင့်ထုတ်ပိုးထားသည် ဟွေ့ဖိန်းထိုကလေးလေးအား ဒူးထောက်ကာ ကြည့်ကြည့်လိုက်သည် အသားလေးကားနှင်းလိုဖြူစွတ်နေပြီးအော်ငိုထားသောကြောင့် နှာခေါင်းထိပ်လေးဟာ နီလို့နေတယ် ကလေး၏မျက်နှာလေးဟာ တစ်ချက်ကြည့်ရုံမျှဖြင့် စိတ်ကြည်နူးစေကာ အချစ်များတိုးပွားလာအောင် လုပ်နိုင်သည်
YOU ARE READING
ချယ်ရီမြေမှသခင်မကြီးဟွေ့ဖိန်း
Historical Fictionဟန်မင်းဆက်တွင် အုပ်ချုပ်သောဘုရင်ကြီး၏အသုံးမကျမှုကြောင့် ပြည်တွင်း စစ်ပွဲတွေသည် များပြားလှပါသည် နန်းတော်မြေနှင့် မနီးမဝေးနေရာတွင် ချယ်ရီမြေ စံအိမ်တော်ရှိပါသည် ထိုအိမ်တော်ကြီးကို သေဆုံးပြီးဖြစ်သောစစ်သူကြီးဟွေ့၏ သမီးတော်ဟွေ့ဖိန်း အုပ်ချုပ်ပါသည် သူမ၏လက်ေ...