အခန်း၃-လက်ဆောင်ဆံထိုးလေး

257 32 0
                                    

ချယ်ရီမြေမှသခင်မကြီးဟွေ့ဖိန်း

အိမ်တော်ကြီးတွင် အလုပ်များရှုပ်နေကြသည် ဟွေ့ဖိန်း၏အမိန့်တော်အရ လက်အောက်ငယ်သားများဟာ တပ်သားများအတွက် ညစာချက်ပြုတ်နေကြသည် အိမ်တော်ကြီးဟာ ဆူဆူညံညံအသံများနှင့် ပြည့်နှက်လို့နေတယ် ထိုအသံများကြောင့် ဟွေ့ဖိန်းခေါင်းပင်ကိုက်လာသည် မကြာခင်မှာ အပျိုတော်မင့်လီဟာ အလောတကြီးရောက်လာပါတော့တယ်

"သခင်မကြီး သခင်မကြီး သတင်းကောင်းပါလာပါတယ်"

"မင့်လီ မပြေးနဲ့ ထိခိုက်လိမ့်မယ် လျှောက်တင်ပါ"

"ဟုတ်ကဲ့ပါသခင်မကြီး ပင်းဝမ်လေး လေးဖက်ထောက်နိုင်ပါပြီ"

"ဘာလို့ ကလေးက ကြီးထွားတာနောက်ကျနေတာလဲ"

အေးအေးဆေးဆေးဖြင့် မေးလာတဲ့ဟွေ့ဖိန်းကြောင့် အပျိုတော်မင့်လီ အံ့ဩသွားသည် သူမအမှန်တရားကို ပြောရမလား မပြောရဘူးလား တွေဝေနေမိတယ် ဒါပေမယ့် ဒါက အတိုင်းအတာ တစ်ခုထိသာဖြစ်သည်

" သခင်မကြီး ပင်းဝမ်လေးက သူ့အမေဖြစ်သူရဲ့ အာဟာရအင်အားချိနဲ့မှုကြောင့် နို့ရည်အပြည့်မဝမသောက်ခဲ့ရပါဘူး"

"မင့်လီ မှန်တယ် အခု ငါအပြင်သွားလိုက်အုန်းမယ်"

" သခင်မကြီး အပြင်မှာအေးပါတယ် သခင်မကြီး နေမကောင်းဖြစ်ပါလိမ့်မယ်"

မလိုဘူးဆိုပြီး ခေါင်းခါပြကာ ဟွေ့ဖိန်းထွက်သွားခဲ့သည် အပြင်ရောက်တော့မှ တကယ်နောင်တရမိသည် အပြင်မှာ အေးယုံသာမက နှင်းများပါကျနေသည် ဟွေ့ဖိန်းအနောက်ဘက်ကနေ ထွက်လာခဲ့သည် ဟွေ့ဖိန်းခေါင်းကိုငုံ့ပြီး လျှောက်လာတော့ သူမခေါင်းကတစ်ခုခုနှင့် တိုက်မိသွားသည် ဟွေ့ဖိန်းမော့ကြည့်လိုက်တော့ အိမ်ရှေ့စံမင်းသားဟန်ကျင်းဟွမ်ဖြစ်နေသည် ဟွေ့ဖိန်း မြန်မြန်ဆန်ဆန်ပင် အနောက်ကိုခြေသုံးလှမ်းလောက်ဆုတ်ကာ ဟန်ကျင်းဟွမ်အား ဂါဝရပြုလိုက်သည် ဟန်ကျင်းဟိုင်လည်း ဂါဝရပြန်ပြုသည်

"တောင်းပန်ပါတယ် အရှင်မင်းသား ကျွန်မကိုခွင့်လွှတ်ပါ"

"ကိစ္စမရှိပါဘူး သခင်မကြီး ကျွန်တော့်ကိုတောင်းပန်စရာမလိုပါဘူး"

ချယ်ရီမြေမှသခင်မကြီးဟွေ့ဖိန်းWhere stories live. Discover now