ချယ်ရီမြေမှသခင်မကြီးဟွေ့ဖိန်း
ကြီးမားလှတဲ့နန်းဆောင်တော်ကြီးထဲမှာ လူအများ၏ ရယ်မောကျီစယ်သံတွေနဲ့ပြည့်နှက်နေပါတယ် မြို့၏အရှေ့ဘက်အရပ်တွင် ထိုနန်းဆောင်တော်ကြီးမှာ ထင်ထင်ရှားရှားရှိလိုနေသည်။ ထိုနေရာကြီးသည် လူတိုင်းအလွယ်တကူမဝင်ရောက်နိုင်သည့်နေရာ ဖြစ်သည်။ နန်းဆောင်ကြီး၏ ပတ်လည်တွင် အစောင့်ပေါင်းများစွာ ခံတပ်ဖြင့် ခြံရံလျက်ရှိပါသည်။ ထိုနန်းဆောင်တော်ကြီးကား တိုင်းပြည်ကို အုပ်စိုးသောအရှင်သခင်၏ နန်းတော်ကြီးသာဖြစ်သည်။
ယခုအချိန်ကာလတွင် အုပ်စိုးလျက်ရှိသော ဟန်မင်းဆက်ဘုရင်မှာ ဟန်ကျင်းဟိုင် ဖြစ်ပါတယ်။ အရှင်ဟန်ကျင်းဟိုင်မှာ ဇနီးမယားနှစ်ဆယ်ပါးနှင့်မင်းသားတစ်ဆယ် မင်းသမီးဆယ့်ငါးပါးရှိပါတယ်။ မိဖုရားခေါင်ကြီးမှာ ရှလီဟွား အိမ်ရှေ့စံမင်းသားမှာ ဟန်ကျင်းဟွမ် ဖြစ်သည်။
ဇနီးမယားနှစ်ဆယ်ပါးမှာ မျိုးရိုးမြင့်များထဲမှဆင်းသက်လာကြသလို အချို့မှာ ချောမောလှပတဲ့ သာမန်အပျိုတော်များအဖြစ်က ဆင်းသက်လာကြသည်။ ထို့ထဲတွင် မိဖုရားကြီးရှလီဟွားမှာ မျိုးရိုးအမြင့်ဆုံး အမတ်ကြီး ရှမင်ချန်၏တစ်ဦးတည်းသောသမီးတော်ဖြစ်သည်။ ထို့ကြောင့် မိဖုရားခေါင်ကြီးရှလီဟွားမှာ ဘုရင်၏ချစ်ခင်နှစ်သက်မှုကို မပိုင်ဆိုင်သည့် တစ်ဦးတည်းသော မိဖုရားဖြစ်သည်။ တနည်းအားဖြင့် မိဖုရားခေါင်ကြီးရှလီဟွားအား အမတ်ကြီးရှမင်ချန် ကိုယ်တိုင်သဘောဖြင့် တင်မြောက်ထားခြင်းဖြစ်ပါသည်။_ _ _
ညချမ်းအချိန်တွင် အရှင်ဟန်ကျင်းဟိုင်မှာ သူ၏အပျိုတော်များဖြင့်ပျော်မြူးနေသည်။ ထိုအခိုက်မှာ တံခါးမကြီးဖွင့်လာပါသည်။ တံခါးမကြီးဖွင့်လိုက်သည်နှင့်တပြိုင်နက်
" အိမ်ရှေ့စံမင်းသား ကြွချီလာကြောင်းပါအရှင် "
" ဝင်စေ"
အရှင်ဟန်ကျင်းဟိုင်၏ သဘောတူချက်နှင့်အတူ အိမ်ရှေ့စံမင်းသား ဝင်ရောက်လာခဲ့သည်။ သူ၏ခြေလှမ်းကျယ်များက ဘုရင့်ရှေ့မှောက်သို့ လျင်မြန်စွာရောက်ရှိလာပါသည်။ အရှင်ဟန်ကျင်းဟိုင်အား ဂါဝရပြုကာ စူးရှသောအကြည့်များဖြင့် တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်ပါသည်။
YOU ARE READING
ချယ်ရီမြေမှသခင်မကြီးဟွေ့ဖိန်း
Historical Fictionဟန်မင်းဆက်တွင် အုပ်ချုပ်သောဘုရင်ကြီး၏အသုံးမကျမှုကြောင့် ပြည်တွင်း စစ်ပွဲတွေသည် များပြားလှပါသည် နန်းတော်မြေနှင့် မနီးမဝေးနေရာတွင် ချယ်ရီမြေ စံအိမ်တော်ရှိပါသည် ထိုအိမ်တော်ကြီးကို သေဆုံးပြီးဖြစ်သောစစ်သူကြီးဟွေ့၏ သမီးတော်ဟွေ့ဖိန်း အုပ်ချုပ်ပါသည် သူမ၏လက်ေ...