နီရဲလာသော Xiao Zhan မျက်နှာလေးကိုကြည့်ပြီး Yibo ဒေါသနည်းနည်းလျော့သွားပေမဲ့ Xiao Zhanပြောတဲ့စကားကြောင့် ပိုဆိုးသွားတော့သည်။"ငါနဲ့သူက ဘယ်လိုမဆိုတစ်နေ့စေ့စပ်ရမှာပဲလေ"
"ဘာ!!!"
Yibo Xiao Zhan မျက်နှာဘေးက နံရံကိုလက်သီးနှင့်ထိုးလိုက်သည်။
"ဟုတ်တယ် ဦးလေးကငါ ငယ်ငယ်ထဲက ငါ့ကိုစောင့်ရှောက်လာတာလေ ငါသူ့မျက်နှာကိုထောက်ရမယ် "
"အပိုတွေ မပြောပါနဲ့ မင်းကိုက အဲ့ကောင်မ ကိုလက်ထပ်ချင်နေတာမလား နောက်ပြီးငါ့ကိုလိမ်ပြီးတောင်သွားမလို့လေ"
"မဟုတ်ဘူး ငါက မင်းဒီရက်ပိုင်း ပင်ပန်းနေလို့ဒီကိစ္စကိုမပြောတာ"
"တော်စမ်းပါ အေးပေါ့ ငါက မင်းချစ်သူဆိုပေမဲ့ မင်းအဲ့မိန်းမ ကို ခွာထုတ်ဖို့သုံးတဲ့ နာမည်ခံချစ်သူဆိုတော့ ငါ့ကိုဘယ်အလေးထားပါ့မလဲ"
"Yibo မဟုတ်ဘူး"
"ခုလဲ မင်းကသူနဲ့စေ့စပ်တော့မှာဆိုတော့ ငါမလိုတော့ပါဘူး ငါတို့လမ်းခွဲတာပေါ့"
Yiboက ပြောပြီးတော့ Xiao Zhan ကိုကျောပေးပြီးလှည့်ထွက်သွားတယ်။
ရုတ်တရက် သူ့ခါးပေါ် ရောက်လာသော လက်တစ်စုံကြောင့်သူရက်တန့်သွားတယ်။
"မသွားပါနဲ့ မသွားပါနဲ့ Yibo"
"မင်းဘာလုပ်တာလဲ ငါကိုလွှတ်"
" မလွှတ်ဘူး Yibo ငါပြောတာကိုမင်းဆုံးအောင် နားထောင် ပြီးမှ မင်းကြိုက်သလိုဆုံးဖြတ်"
".........."
"ငါ ၉နှစ်သားမှာ ငါမိဘတွေ ကားတိုက်ပြီး ဆုံးသွားခဲ့တာ"
"အဲ့အချိန်ထဲက ငါ့မှာ အဖေဆိုတာရော အမေဆိုတာရောက ဦးလေးပဲ"
"သူ့မှာသားအရင်းတစ်ယောက်ရှိနေတာတောင် ငါ့ကို သူ့သားထက်အချိန်ပေးခဲ့တယ်"
"ခုလဲ သူငါ့ကိုစောင့်ရှောက်ခဲ့တဲ့ တစ်လျှောက် ဒီစေ့စပ်ပွဲက သူ့ရဲ့ပထမဆုံးတောင်းဆိုမှုပဲ"
"ငါငြင်းချင်တာပေါ့ ဖြစ်နိုင်ရင်ပစ်ပစ်ခါခါငြင်းချင်တယ်"