"ကျို့ကလဲကွာ မနေ့က မြို့ပြင်ကိုခနလွှတ်လိုက်တာ ခုမနက်ထိပြန်မလာသေးဘူး"
Yibo ပွစိပွစိလုပ်နေသည်။"Yibo ဘာဖြစ်လို့လဲ"
"ကျို့လေ ခုထိပြန်မလာသေးလို့"
"လာမှာပေါ့ Yiboရယ် သူကိစ္စတစ်ခုခုရှိလို့နောက်ကျနေတာ နေမှာပါ"
"ဟော ပြောရင်းဆိုရင်း လာပါပြီ "
"ကျို့ မင်းဘယ်သွားနေလို့ ခုမှရောက်တာလဲ"
"Yibo ငါ ဟို ဟိုလေ"
"ဘာလဲ"
~ငါ အမှန်တိုင်းပြောလိုက်ရင် ငါတော့သေမှာပဲ ခုချက်ချင်းကားသွားလဲဆို ဒုက္ခ ကုမ္ပဏီလဲသွားရဦးမာ ~
ကျို့တွေးနေမိသည်။"ဟေ့ကောင် ကျို့ မေးနေတယ်လေ မင်းလင်နားစိတ်ရောက်နေတာလား"
"ဟာ မင်းကလဲ ငါအိပ်ပျော်သွားလို့ပါ စိတ်ကြည့်ပဲ"
"သွားမယ် အခု မင်းကြောင့် အလုပ်နောက်ကျတော့မယ်"
"Zhan Zhanကိုယ်သွားပြီနော် "
"Omm စောစောပြန်လာခဲ့နော်"
ပြောပြီးနောက် နှစ်ယောက်သား နှုတ်ဆက်အနမ်းခြွေနေကြသည်။ ကျို့တစ်ယောက် ဆက်ပဲကြည့်နေရမလို ထပဲပြေးရမလို လမ်းပျောက်နေရှာသည်။
ကြာနေပြီဖြစ်တာကြောင့် ကျို့ကားထဲဝင်ပြီး ဟွန်းတီးလိုက်သည်။
"ငါ့ကျနောက်ကျပြီဆိုပြီး သူကျတော့ ဟွန်း"
ဟွန်းသံနှင့် ကျို့၏ မကျေနပ်သံကိုကြားမှ ထိကပ်ထားသောနှုတ်ခမ်းနှစ်ခုက မခွာချင်ပဲ ခွာလိုက်ရသည်။
...........................
Yiboကုမ္ပဏီမှ နေလည်စာစားချိန်လောက်ကပင်ပြန်လာသည်။
"Yibo အစောကြီးပါလား "
"မျက်နှာလဲမကောင်းဘူး ဘာဖြစ်လာတာလဲဟင် "
"Zhan Zhanကိုယ်မင်းကိုပြောစရာရှိတယ်"
"Ommပြောလေ"
Xiao Zhan Yiboပေါင်ပေါ်တွင်ထိုင်၍ ပြောလိုက်သည်။"Zhan Zhan စိတ်အေးအေးထားနော်"
"ဘာများလဲ Yiboရယ် ကိုယ်စိတ်ပူလာပြီ"