"တောက်!!!လန်ဝမ်ကျီ "
ကျန်းချန်ဟာ ဖြစ်ကြောင်းအကုန်သိပြီး ဒေါသထွက်နေလေပြီ။"သူ့တောင်းဆိုခဲ့တာ သူသေပြီလို့အကုန်ထင်အောင်လို့ "
ထိုစဉ် ခွဲခန်းထဲမှဆရာဝန်တွေနဲ့ကုတင်ကိုတွန်းကာ ထွက်လာကြသည်။
"ခွဲစိတ်မှုကအောင်မြင်ပါတယ် ဒါပေမယ့်အခြေအနေစောင့်ကြည့်ရအုံးမယ် အခုICUမှာထားရမယ် စိတ်ချရမှ သာမာန်အခန်းကိုပြောင်းရမယ်"
"ကျန်းချန် လန်ရှီးချန် ကျမကိုကတိတစ်ခုပေးပါ သူအသက်ရှင်နေတာ လန်ဝမ်ကျီကိုမပြောပါနဲ့ အာ့တာသူ့ဆန္ဒပါ"
ဝမ်ချင်ဟာ ပြောပြီးနောက် ထွက်သွားခဲ့သည်။ကျန်းချန်က ဝေ့ရင်းသတိရဖို့အတွက် စောင့်ဆိုင်းနေပေမယ့် သုံးရက်ကြာတာတောင် သတိမရခဲ့ပေ။
ဆရာဝန်တွေစမ်းသပ်ပေမယ့်လည်း အားလုံးအဆင်ပြေနေပြီဖြစ်သည်။သို့သော်ဝေ့ရင်း လုံးဝသတိမရသေးပေ။"ဝေ့ရင်းက ငါ့ဆီမှာစိတ်ရောဂါကုနေခဲ့တာ ဒီကြားထဲသူ့ကိုယ်သူသတ်သေဖို့အကြိမ်ကြိမ်ကြံစည်ဖူးတယ် ငါစိုးရိမ်တာက သူသတိပြန်မရချင်မှာကိုပဲ"
ဝမ်ချင်ပြောတော့ကျန်းချန်ဟာ စိတ်ဓာတ်ကျမိသလို လန်ဝမ်ကျီ ကိုလည်းဒေါသထွက်ရသည်။*သူသတိရလာမှာပါ ကျိန်းသေပေါက်**
13ရက်မြောက်နေ့မှာ ဝေ့ရင်းသတိရလာခဲ့သည်။
ဒါပေမဲ့သူပထဆုံးပြောတဲ့စကားက"မင်း ဘယ်သူလဲ " တဲ့
ကျန်းချန် ထိုအခြေအနေကိုတွေးပြီးသားဖြစ်သည်။ ဆရာဝန်တွေပြောတဲ့အတိုင်း ဝေ့ရင်းဟာအတိတ်မေ့သွားခဲ့သည်။ အရာအားလုံးမေ့သွားခဲ့သည်။ဝေ့ရင်းဟာ 3လခန့်ဆေးရုံတက်လိုက်ရလေသည်။
ဝေ့ရင်းဆေးရုံကဆင်းတော့ ကျန်းချန်အိမ်မှာသာ နေခါ အပြင်သို့သိပ်မထွက်။သို့ပေမယ့် လူတစ်ယောက်အစားထိုးလိုက်သလို ပြောင်းလဲသွားလေသည်။
YOU ARE READING
မင်းတစ်ယောက်သာ(+)(complete)
Fanfictionလန်ကျန့်ငါမင်းကိုကြောက်တယ် မင်းငါ့အနားမလာပါနဲ့. ဝေ့ရင်း ငါမင်းကိုချစ်တယ် ဘယ်အချိန်ကတောင် စချစ်မိမှန်းမသိပေမယ့် ငါသိခဲ့တဲ့အချိန် မင်းကငါနဲ့အဝေးကိုရောက်သွားခဲ့ပြီ လန်ကျန့်