လျို့ဝှက်စံအိမ်တော်သို့ရောက်လာတဲ့ လန်ကျန့်ဟာ ဝေ့ရင်းကိုကားပေါ်ကနေ ပွေ့ချီလာခဲ့သည်။ ထို့နောက် ခမ်းနားစွာပြင်ဆင်တဲ့အိပ်ခန်းထဲသို့ဝင်လာခဲ့ပြီး ကုတင်ပေါ်ကို ညင်သာစွာချပေးလိုက်တယ်။
ဝေ့ရင်းဟာ မူးဝေစွာနိုးလာတယ်။ သူဟာ ဖြည်းဖြည်းချင်းထထိုင်လိုက်တော့ ဦးစွာမြင်ရတာက သူ့နဲ့ရင်းနှီးတဲ့အခန်းတစ်ခု။ထိုအခန်းတစ်ခုလူံးကို မင်္ဂလာခန်းလို အနီရောင်များနှင့်ပြင်ဆင်ထားတယ်။ ထို့နောက် အနီရောင်ဖဲမွေ့ယာနဲ့ အနီရောင်စောင် သူ့ကိုယ်မှာဝတ်ထားတာကလည်း အနီရောင် အကျီင်္ ပြောရရင်သတို့သားအကျီင်္ပေ။ လက်အနားဖျားနှင့် လည်ပင်းအနားတို့ကို့ ရွှေခတ်တို့ဖြင့်ကွတ်ထားပြီး
သပ်ရပ်စွာ ဝတ်ဆင်ပေးထားသည်။ကြည့်ရဆိုးတာကတော့ သူရဲ့လက်တွေပင် ။သူ့လက်တွေကို သံကြိုးသုံးကာ ချည်နှောင်ထားသည် ရှည်လျားပေမယ့် ကုတင်ပေါ်မှဆင်းကာတစ်ခြားသွားဖို့မလွယ်ကူပေ။
သူဟာနောက်ဘက်ကုတင်ဘောင်ကိုမှီရင်း ဘယ်လိုတွေဖြစ်ခဲ့သလဲဆိုတာ ပြန်တွေးနေမိသည်။ သူရုံးကနေအိမ်ပြန်တော့ လူတစ်စုသူ့ကို မေ့ဆေးလက်ကိုင်ပုဝါနဲ့အုပ်လိုက်သည်မှစကာသူမမှတ်မိတော့။
ထိုစဉ် လန်ကျန့်ဝင်လာတာမို့သူအံ့အောမှုကြောင့် မျက်ဝန်းအစုံကပြူးကျယ်လျက်။ သူ့မသိစိတ်က ထိုလူသားကိုကြောက်တာမို့ သူဟာ ခန္ဓာကိုယ် ကိုဘောလုံးလေးလို့ကွေးထားမိသည်။
"မင်း...မင်း..ငါ့ကို ဘယ်ခေါ်လာတာလဲ"
"ဝေ့ရင်း မင်းမမှတ်မိဘူးလား ဒါငါတို့ရဲ့အိမ်လေ ငါမင်းကိုသတိရနေခဲ့တာ"
ဝေ့ရင်းဟာလန်ကျန့်ပြောသမျှနားမလည်နိုင်ပါ။ သူခေါင်းထဲဗလာဖြစ်နေပြီးဘာမှစဉ်းစားမရပေ။"ငါ မင်းကိုမသိဘူးပြီးတော့ ဒီအခန်းဒီအိမ်လဲငါမမှတ်မိဘူး"
YOU ARE READING
မင်းတစ်ယောက်သာ(+)(complete)
Fanfictionလန်ကျန့်ငါမင်းကိုကြောက်တယ် မင်းငါ့အနားမလာပါနဲ့. ဝေ့ရင်း ငါမင်းကိုချစ်တယ် ဘယ်အချိန်ကတောင် စချစ်မိမှန်းမသိပေမယ့် ငါသိခဲ့တဲ့အချိန် မင်းကငါနဲ့အဝေးကိုရောက်သွားခဲ့ပြီ လန်ကျန့်