I'm Your Boyfriend ~ 6

10.7K 928 59
                                    

Unicode ver...

မျက်​စိ​ရှေ့က မြင်​ကွင်း​ကြောင့်​
Xaio Zhan ကိုယ့်​မျက်​လုံးကို​တောင်​မယုံချင်​
သည်​ထိ ဖြစ်​ခဲ့​လေသည်​

သူ့ချစ်​သူက တစ်​ပါးသူ ရင်​ခွင်​ထဲမှာ
မူး​နေတာ လူသူ​တောင်​မသိ​တော့

Xaio Zhan မြင်​မြင်​ချင်း ထိုလူဆီ​ပြေးသွားပြီး
အားကြီးနဲ့

~~~ခွပ်​!!~~~

ထိုလူငယ်​လည်း Xaio Zhan
လက်​ချက်​ကြောင့်​နောက်​သို့
ပစ်​လှဲကျသွား​လေသည်​

Yibo​လေးက​တော့ ဘယ်​လို​နေပြီး
ဘယ်​လိုလုပ်​Xaio Zhan လက်​ထဲ​ရောက်​သွားမှန်းမသိ​တော့

Yibo မူး​နေတာ​ကြောင့်​Xaio Zhan မျက်​နှာကို မြင်​တစ်​ချက်​မမြင်​တစ်​ချက်​

ကစ်​!! ဒီခ​လေး ဘာလို့ ဒီ​လောက်​ထိ မူး​နေရတာလဲ  လူသူ​တောင်​မသိ​တော့

•••Who ~~~ are~~~ yo~~ you?•••

ကြည့်​စကားလည်း ပီ​အောင်​မထွက်​ချင်​တော့ဘူး ချစ်​သူကို​တောင်​မမှတ်​မိ​တော့ဘူး ဒီခ​လေးက​တော့ကွာ

Xaio Zhan​ဒေါသ ထွက်​ပေမဲ့ ခ​လေးကို​တော့ မဆူအား​သေး

ထိုလူငယ်​ကိုသာစိုက်​ကြည့်​နေဆဲ

•••​ဟေ့ You~~~•••
°°° ပါးစပ်​ပိတ်​Wang Yibo!!!°°°

အဲ့လို​ပြောမှ ထိုခ​လေးက ရပ်​သွားတယ်​ဒါမဲ့ ပတ်​ဝန်းကျင်​ကို​တော့ သိပုံမ​ပေါ်​သေး

Xaio Zhan လုပ်​ရပ်​ကြောင့်​Club တစ်​ခုလုံး
ငြိမ်​သက်​သွား​လေသည်​
ထိုမှ အမဲ​ရောင်​ဝတ်​စုံနဲ့ လူတစ်​စု
​ရောက်​လာပြီး

'''မင်းဘယ်​သူလဲ ´´´
'''​Boss ရလားဗျ´´´

""ရတယ်​နင်​တို့ဖယ်​နေ""

ထိုလူငယ်​လေးက အဲ့လို​ပြော​တော့မှ ဝတ်​စုံနက်​နဲ့ လူတစ်​စုက ဖယ်​နေကြ​လေသည်​

လူငယ်​လေးက နှုတ်​ခမ်းကွဲသွားတာ​ကြောင့်​
​သွေးစကို ပွတ်​ယူပြီး ခပ်​ယဲ့ယဲ့​ပြောလိုက်​တာက

'''မင်း​ပေါ်လာ တတ်​သားပဲ Dr. Xaio Zhan Zhan´´´

သူ့နာမည်​ကော သူအလုပ်​ပါ သိ​နေတဲ့
ထိုလူငယ်​ကြောင့်​Xaio Zhan အံ့သြသွားတာ​က​တော့ အမှန်​ပင်​

I'm Your Boyfriend (Uni-Zaw)(complete)Where stories live. Discover now