Ep_1

627 47 3
                                    

My adorer......🌺🌺

ခန်းနားကြီးကျယ်လွန်းလှသော မင်္ဂလာခန်းမကြီးထဲ တွင်မင်္ဂလာပွဲသို့တတ်ရောက်ဂုဏ်ပြုကြည့်ဧည့်ပရိတ်သတ်များအားလုံး စုံညီနေပြီဖြစ်သည်......
သီးသန့်အခန်းထဲတွင် သတို့သားဝတ်စုံဝတ်လျက် အရာအားလုံးအဆင်သင့်ဖြစ်နေသည့်တိုင်အောင် ကျွန်တော့်၏စိတ်ကတော့ အဆင်သင့်မဖြစ်နိုင်ခဲ့.....

"Ji Yang အဆင်သင့်ဖြစ်ပြီးလား ပွဲထွက်ရတော့
မယ်တဲ့papaခေါ်နေပြီ...သွားရအောင်လေ"

ကျွန်တော့်ရဲ့သတို့သမီးလောင်း lee leeကလာခေါ်လေတော့ ကျွန်တော်မတ်တပ်ရပ်လိုက်ကာ....

"အင်း...သွားတာပေါ့"

ကျွန်တော်ပြောလိုက်တော့ သူမကပြုံးရွှင်စွာဖြင့်
ကျွန်တော့်အနားရောက်လာကာ လက်ကိုချိတ်လိုက်တော့ စိမ်းသက်လှသောအထိအတွေ့ခံစားမူ့ကြောင့် ရုတ်တရက်လက်ကိုရုန်းလိုက်
လေတော့ ပျက်ယွင်းသွားသောမျက်နှာနှင့် ကျွန်တော့်အားမော့ကြည့်လာသောသူမ......
သူမနဲ့ကျွန်တော်ဟာ မကြာခင်မှာပဲအကြင်လင်မယားဖြစ်ကြတော့မှာလားဟူသော အတွေးက
ချက်ချင်းရောက်လာသောကြောင့် မရုန်းဖြစ်တော့ချေ......
သူမအား ပြုံးပြ၍......

"သွားရအောင်လေ"

သူမအားပြုံးပြဖြစ်ခဲ့သောအပြုံးကမနူညံ့လှသော်လည်း မခါးသီးပေ....
ထိုအပြုံးမျိုးသာဖြစ်နေလေတော့ သူမအတွက်တော့အားနာပေသည်....

"သတို့သား သတို့သမီးကြွချီလာပါပြီ"

သင်းအုပ်ဆရာ၏ ကြေညာသံကြောင့် ပွဲလာဧည့်ပရိတ်သတ်များအားလုံး၏ မျက်လုံးအစုံသည်
လည်း ကျွန်တော်တို့နှစ်ယောက်ထံသို့ စုံပြုံကျရောက်လာလေသည်.....
မင်္ဂလာတီးလုံးသံနှင့်အတူ နူညံ့သောကတ္တီပါကောဇောထက်တွင် လျောက်လှမ်းနေကြသော
သတို့သားနှင့်သတို့သမီးဟူသည့် ကျွန်တော်နှင့်
ကျွန်တော့်ဘေးက သူမ.....
နှစ်ယောက်လုံး ထံတွင်ကြည်နူးမူ့ပီတိအဖြာဖြာကျရောက်နေရမည့် ဒီလိုအချိန်တွင် ကျွန်တော့်
စိတ်ထဲတွင်တော့ တာဝန်တစ်ခုကို လုပ်ဆောင်
နေရသည်သကဲ့သို့သာ တွေးတောနေမိသည်
ဒီလိုဆိုရင်တော့ သူမအတွက် ကျွန်တော်ဟာ မတရားရာများကျနေလေမလား.....

My AdorerWhere stories live. Discover now