Kyung Soo' view...

2K 150 39
                                    

"Chansoo..."

Love or Hate?

~~~~~~~~~~~
~~~~~~~~~~
🎼🎼
နောက်ဆုံးတစ်ခေါက်လောက် ငါ့ကိုညာပါဦး.....

နောက်ဆုံးတစ်ခေါက်လောက် ဂတိတွေထပ်ပေးဦး..........

မုသားတွေဖြစ်ပါစေ မင်းရဲ့စကားသံ ယုံကြည်ချင်သေးလို့ပါ........

နောက်ဆုံးတစ်ခေါက်လောက် ငါဆီကြန်လာဦး........

နောက်ဆုံးတစ်ခေါက်လောက် အနမ်းတွေထပ်ပေးဦး........

အတုယောင်ဖြစ်ပါစေ မင်းရဲ့အချစ်တွေခုံမင်နေဆဲမို့ပါ...........

နောက်ဆုံးတစ်ခေါက်လောက်........

🎼🎼🎼🎼

"Woo....ဒီတစ်ခါ kyung soo အလှည့်ပဲ"
သီချင်းသံအဆုံးမှာ ကျောင်းသားကျောင်းသူတစ်ချို့ အော်သံနှင့် မိမိလက်ထဲတွင်ရှိနေပြီဖြစ်သော ဘောလုံးတစ်လုံးကိုသာကြည့်နေရင်း မျက်လုံးလေးခတ်ပုတ်ခတ်ဖြစ်နေမိသည်။

Game....ဒီနေ့ကကျောင်းရဲ့နောက်ဆုံးနေ့မလို့ အကုန်လုံးစုဝေးပြီး Gameကစားနေကြခြင်းပင်။ကစားနည်းကတော့ ရှင်းပါတယ် ဘောလုံးကိုတစ်ယောက်တစ်လှည့်ပေးရင်းသီချင်းသံအဆုံးမှ ဘောလုံးကိုင်ထားရသူက အရှုံးပင်။

"ကဲ.မဲလိပ်နှိုက်လိုက်ပါ....''

အတန်းခေါင်းဆောင်လာချပေးသော မဲခွက်ထဲမှာ အကျစ်လစ်ဆုံးမဲလိပ်ကိုနှိုက်ပေးလိုက်တော့ ကျန်သူတွေက အဖြေကိုဝိုင်းဖွင့်ကြည့်ကြသည်။

"Acting love hurt sence..."
သရုပ်ဆောင်ရမယ်ဆိုတော့ အားလုံးကစိတ်ဝင်တစားဖြစ်နေကြသည်။ပြဇာတ်ပိုင်းကိုယူထားသော်လည်း အေးတိအေးစက်စွာနေသောkyung sooရဲ့သရုပ်ဆောင်စွမ်းရည်ကိုတော့ လူတိုင်းသိချင်နေကြမှာ အမှန်ပင်။

အသက်ကိုမှန်မှန်ရှုလိုက်ပြီး ရှေ့တည့်တည့်ကိုသာကြည့်လိုက်တော့သည်။အကြည့်ချင်ဆုံးသွားသောအခါဝယ်.မိမိမျက်နာချင်းဆိုင်လူက မျက်မှောင့်ကြုံ ကြည့်နေလေရဲ့။ထိုလူကား တခြား မဟုတ်..မိမိသိပ်ချစ်ရပါသော ပတ်ချန်ယောလ်။မိမိကို မုန်းပါသည်ဆိုတဲ့ သူငယ်ချင်းကြီးပေါ့။
*ဘယ်လိုလုပ်မလဲ မင်းက ငါ့ကို
ပါရမီဖြည့်ပေးနေတာကိုး....*

Love or Hate?(complete)Where stories live. Discover now