Love or Hate?
~~~~~~~~~~
~~~~~~~~~တစ်လှမ်းချင်းလှမ်းနေမိတဲ့ ခြေလှမ်းတွေက ခါတိုင်းနေ့တွေထက် ဘာလို့လေးလံနေတာလဲ။ပင်ပန်းတယ်။ပင်ပန်းလွန်းလို့ အားပြုပြီးတောင် ရပ်မနေနိုင်လောက်အောင် လဲပြိုချင်နေပြီ။သက်ပျင်းမချနိုင်အောင်ထိ ပြည့်ညက်နေတဲ့ ရင်ဘက်ထဲကဒီခံစားချက်တွေကြောင့် အသက်တောင်ရှုဖို့ အားအင်ကုန်ခမ်းနေ၏။
ငါဘာဖြစ်ချင်နေတာလဲ။ငါလုပ်သင့်တာက ဘာလဲ။ငါဖြစ်ချင်တာကရော....?အဖြေကရွေးချယ်မှု တစ်ခုပဲရှိတယ်။ချစ်မှာလား...မုန်းမှာလား....
ဒါမဲ့ နှစ်ခုလုံးက တစ်ခုတည်းဆ်ီကနေဆင်းသက်လာတာပဲမလား...
အမုန်းဆိုတာလည်း ချစ်ခြင်းကစတာပဲလေ။ဒုန်း.....!!!!
အခန်းတခါးကို ဆွဲပိတ်လိုက်ပြီး အိပ်ယာပေါ်သို့ ဒိုင်ပင်ထိုးချလိုက်သည်။ခေါင်းအုံးတစ်လုံးကိုရင်ခွင်ပိုက်လိုက်ကာ ပြတင်းပေါက်ကိုကျော်လွန်၍ အပြင်ဘက် ညအမှောင်ကိုသာ ငေးကြည့်နေမိသည်။
"ချန်ယောလ်...."
မျက်ရည်စမ်းတမ်းနဲ့ကောင်လေး၊ကျွန်တော့်ကိုသိပ်ချစ်တဲ့ ဂျောင်ဆူး......သူ့ပုံရိပ်တွေ သူ့ပုံရိပ်တွေ....မျက်လုံးထဲ.မျက်နှာသာမပေးမိပဲ ဗိုလ်ကျကာ နေရာယူနေပြန်ပါပြီ။
မင်းမျက်ရည်ကျလို့ ကိုယ်ငိုမိခဲ့တာလား..ကိုယ်မျက်ရည်ကျလို့ မင်းဝမ်းနည်းခဲ့တာလား...နှစ်ယောက်စလုံးကတော့ နာကျင်ရပါတယ်။အတွေးအခေါ်တွေသာ မတူခဲ့ယုံကလွှဲလို့ပေါ့။ချစ်တယ်ဆိုတဲ့ပမာဏကတော့ ဇတူလောက်မှာပါ။
ဒါပေမယ့်ကိုယ်က ထာဝရအတွက်ဆိုတဲ့ဖြစ်နိုင်တဲ့လမ်းကိုပဲရွေးချယ်ချင်ခဲ့တာ။ဒါမှငါတို့နှစ်ယောက် အချိန်ကြာကြီးမပြတ် အတူရှိနိုင်ကြမှာလေ။ချစ်သူဆိုတာ တချိန်ကျအကြောင်းမ်ျိုးမ်ျိုးကြောင့်လမ်းခွဲသွားရင် ရန်သူအနေနဲ့မပြော တသက်လုံးပြန်မတွေ့နိုင်တော့တဲ့အထိဖြစ်သွားနိုင်တယ်။
ဒါကြောင့်ပါ ကိုယ့်ပူတူတူးလေးရယ်.....
~~~~~~~
~~~~~~~လွန်ခဲ့သော အလယ်တန်းကျောင်း........
"ချန်ယောလ် ငါဒီမှာ မင်းအတွက် မှာပြီးသွားပြီ..."
ကန်တင်းမှာ လက်ထောင်ပြ၍ခေါ်နေသော ဂျောင်းဆူးအပြုံးကို သတိထားမမိနေပဲ သိချင်နေသောအဖြေကိုသာရဖို့အတွက်ဉီးတည်နေမိ၏။
YOU ARE READING
Love or Hate?(complete)