Omma's advice And the end?

1.1K 96 3
                                    

Omma's advice....And the end...??
~~~~~~
"လောကမှာ မဖြစ်သင့်တဲ့ လူနှစ်မျိုးနှစ်စားရှိတယ်။တစ်မျိုးကတော့ စိတ်ထဲအတိတ်မှာပဲ ကျန်ရစ်နေခဲ့တဲ့သူမျိုးနဲ့ ကျန်တစ်မျိုးကတော့ စိတ်ဟာအနာဂတ်မှာကြိုတွေးရောက်နေသူမ်ျိုးပေါ့။လူဆိုတာ ယခုပစ္စုန်ကိုသာလျှင်ကြည့်ပြီး ရှင်သန်ကြရတယ်။ဒါမှ မပူလောင်မကြောင့်ကျနဲ့ ပျော်ရွှင်နေရမှာ။သားရော ဘယ်အမျိုးအစားထဲမှာ ရောက်နေပြီလား ပြန်စဉ်းစားပါ......

"အတိတ်ကြောင့် အိပ်မရနေတာလား
အနာဂတ်ကြောင့် စိုးရမ်နေတာလား....."

လတော်တော်ကြာ အပြင်လုံးဝမထွက်ပဲအခန်းထဲတွင်းအောင်းနေသော သားငယ်ချန်ယောလ်ကြောင့် မေမေကစိတ်ပူနေမိသည်။သားငယ်ကတော့ ကျွန်မပြောစကားကိုနားတော့ထောင်နေပြီး ပြတင်းပေါက်ရှိရာဘက်ကိုသာ အတွင်တွင်ငှေးမော့ကြည့်နေမိသည်။

အမြဲတမ်းပျော်ရွှင်တက်ကြွနေတက်တဲ့ သားချန်ယော်ကို အခုလိုပုံစံနေမြင်ရတာစိတ်မချမ်းသာလှပေ။ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုသောအကြောင်းရင်းကို သိထားမိတော့လည်းပိုပြီး ရင်ထဲမှာပူလောင်နေမိသည်။

စားပွဲခုံပေါ်က မှောက်ချထားတဲ့ ဓာတ်ပုံလေးကို ပြန်ထောင်လိုက်ကာ သားငယ်ကိုတစ်ချက်လှမ်းကြည့်မိလိုက်သည်။တစ်ချိန်ကဒီဓာတ်ပုံလေးကို တစိမ့်စိမ့်ကြည့်ပြီးကြည်နူးပျော်ရွင်နေတဲ့ အမေ့သားပုံရိပ်ကို အမေဘယ်လိုလုပ်ပြီး မေ့နိုင်မှာလားကွယ်....

ကိုယ်မွေးထားတဲ့ကိုယ်သားပဲ။ သားငယ်က သူ့သူငယ်ချင်းဂျောင်ဆူးအပေါ်မှာ မေတ္တာအသက်ဝင်နေခဲ့တာ မသိစရာအကြောင်းရှိပါ။အဖေ၏ဆုံးမစကားတွေနဲ့ စည်းကမ်းတွေကြောင့် ချန်ယောလ်က အကြောက်လွန်ပြီး ချစ်ချင်းကြားမှာ ချည်နှောင်ထားတဲ့ ကြိုးတွေကိုဖျက်ပစ်လိုက်ပြီထင်ပါတယ်။

ဖြစ်သင့်တာကိုအကောင်းဆုံးဖြစ်လိမ့်မယ်ဆိုပြီး လုပ်လိုက်သော်ငြါးလည်း သားအတွက်ကတော့မူ အလဲလဲအပြိုပြိုဝေဒနာတွေ ဒဏ်ခံနေရတာ သားမျက်ဝန်းထဲက၀မ်းနည်းမှုတွေကိုမြင်ရရုံနဲ့ မေမေလည်း ရင်နာရပါတယ်သားရယ်......

ဖြစ်ချင်တာတြွေဖစ်ပါစေ။မေမေသားဖက်မှာပဲရပ်တည်ပေးပါတော့မယ်ကွယ်။ဂျောင်ဆူးဆိုတဲ့သားချစ်ရသူကို မနာလိုမိပေမယ့်..သားပျော်ရွင်ဖို့ဆို သားဖေဖေနဲ့လည်း မေမေအတိုက်အခံလုပ်ပြီး သားကို ကာကွယ်မယ်....

Love or Hate?(complete)Where stories live. Discover now