6

1.7K 157 1
                                    

"ကူး ဒီ ကိုလာ ဦး "

ဂျောင်ဂု ဖုန်း နှင့် ဂိမ်းကစား နေရင်း
အိပ်ယာပေါ်တွင် လှဲအိပ်ကာ လပ်တော့ နဲ့ တစ်ခုခု လုပ်နေသည့် ကိုကို့ ခေါ် သံကြားတော့
ဖုန်းလေး ပိတ်ကာ တောက်တောက်နှင့် ကိုကို့  ဘေးတွင် လှဲချဲလိုက်သည်။

ကိုကိုကလည်း သူရောက်လာသည်နှင့် အစကကျောမှီထားရမှခန္ဓာကိုယ် ကို လှဲချလိုက်ပြီး လက်တစ်ဖက်က လပ်တော့ပ် ကိုထိမ်းကိုင်ရင်း နောက်တစ်ဖက်က ကလေးကို ခေါင်း အုံးအိပ်စေသည်။
ခေါင်းအုံးနှစ် လုံး ရှိပေမယ့် လည်း သူတို့ နှစ်ယောက်က တော့ ဂရုမစိုက်။

" ဘာပြဖို့လဲ "

ဂျောင်ဂု ပြုံး ပြီး ထယ်ယောင်း ကိုမေးလိုက်သည်။

" ဒီမှာ ကြည့်ကြည့် "

ဗီဒီယို တစ်ခုကို ဖွင့်ပြတော့ ဂျောင်ဂု အနည်းငယ် ကြောင်အအ ဖြစ်သွားသည်။
ဗီဒီယို ထဲမှာ က ကိုကိုပဲ။

" ဟင် ကိုကို ပါလား
ဒါ..ဒါ က ဘယ်တုန်းက ရိုက်ထားတာလဲ "

ဂျောင်ဂု ထယ်ယောင်း ကိုမော့ကြည့်ပြီးမေးလိုက်တော့ နှုတ်ခမ်း ပေါ် လက်တင် ပြကာ တိပ်တိပ် နေရန် ပြောသည်။
ဂျောင်ဂု လည်း နှုတ်ခမ်းလေး တစူစူ နှင့် စကရင် ပေါ် မျက်လုံး ပြန်ရောက်သည်။
ကြားရတဲ့ တီးလုံး သံက ရင်းနှီးမနေ တာကို ခံစားမိသည်။
တဖြည်းဖြည်း နဲ့ ကိုကို့ရဲ့ အပ်ရှရှနှင့် ဆွဲဆောင်မှု ရှိတဲ့ အသံကို ကြားတော့ ဂျောင်ဂု အံ့ဩသွားသည်။
မျက်လုံး အဝိုင်းသား နှင့် နားထောင်ပြီး ကြည့်နေရင်း အချို့ချို့ နေရာ တွေက သူနဲ့ အကို ခရီးသွားတုန်း က သူကိုယ်တိုင် ရိုက်ပေးခဲ့တဲ့ clip လေးတွေ မှန်းသတိထားမိသည်။
ရင်ခွင်ထဲမှ ကိုကို့မျက်နှာကို မသိမသာ လေး ကြည့်တော့ ကိုကိုက ပြုံးနေသည်။
ယုံကြည်မှုရှိပြီး ကိုယ့် ကိုယ်ကို ဂုဏ်ယူ နေတဲ့ အပြုံးမျိုး။
ပြုံး နေတဲ့ အချိန်တွေဆို ကိုကိုက သိပ်ချစ်ဖို့ကောင်းကြောင်း ဂျောင်ဂု ရိပ် မိသည်။
သီချင်း ရဲ့ အဓိက verse နေရာနှင့် တီးလုံး သံကို ကြားရတော့ ဂျောင်ဂု မျက်ရည်ဝဲ လာပြီး ကြက်သီးတွေပါထလာသည်။
ရုတ်တရတ် အေးစက်စက် ခံစားချက် ကြောင့် အကို့ရင်ခွင်ထဲ ပိုတိုးဝင်လိုက်သည်။
သီချင်း သံဆုံးသွား ပေမယ့် ဂျောင်ဂု က တော့ မျက်ရည် တွေ ဝဲလျက် ကျန်ခဲ့သည်။

Koo Koo's Ko KoWhere stories live. Discover now