1

5.6K 285 38
                                    

"ကိုကို ကြည့်ဦး ကူကူး နှုတ်ခမ်းတွေခြောက်နေတယ်"

လက်ဖောင်းဖောင်း ဖြူဖြူ လေးတွေက သူ့နှုတ်ခမ်း ရဲရဲလေးပေါ်ကိုထိုးပြသည်။

" နှုတ်ခမ်း နီ အဆီဆိုးပေါ့ကွယ် "

လက်က Computer mouse ကိုကိုင်ရွှေ့ရင်း
ပြောသေ်ာလည်း ဂျောင်ဂု ဆီတွင် အာရုံအပြည့်အဝ ရှိသည်။

" ဟင့်အင်း မရဘူး ကိုကို နမ်းမှ သက်သာမယ်တဲ့
မနေ့ညက နှုတ်ခမ်း လေးတွေက ပြောတယ်"

အသံလေး က တစ်မျိုး။
ကြောင်ပေါက် လေးလိုလို ယုန်ပေါက်လေးလိုလို ချစ်စရာ ကောင်း လွန်းလှသည်။

"ကူကူးနှုတ်ခမ်းကစကားပြောတတ်တယ်ပေါ့"

ဆော့နေသည့် ဂိမ်းကို အဆုံးသတ်ရင်း သူ့ဘက်လှည့် ကာပြောတော့ ပြုံးပြုံးလေး ကြည့်နေသည်။

"အင်း ညတိုင်း စကားပြောနေကျ"

ကလေးတစ်ယောက် သူ့အိပ်မက်ကို ပြောပြရန် အားသန်နေသလို မျက်လုံးလေးကိုဝိုင်းလျက်ပြောသည်။

"ဒါဆို ကိုကို့ နဲ့ နမ်းပြီးရင်ရော ဘာပြောလဲ"

သူက ပြုံးစစ နှင့် မေးတော့ ခဏတာ စဉ်းစားပြသည်။
နောက်မှ

"သူတို့ကကြိုက်တယ် တဲ့ ကိုကိုနှုတ်ခမ်းက ချိုတယ်တဲ့
ပြီးတော့... "

ရုတ်တရတ် ခေါင်းလေးငုံ့ သွားပြီး လက်သေးသေး တွေက
အင်္ကျီ အောက်နားစ လေးကို ကိုင်ကစား ရင်း ရှက်ကိုးရှက်ကန်း လေး ပြန်လှည့်ကြည့်လာသည်။

" ပြီးတော့ ဘာဖြစ်လဲ"

သူက ပါးဖောင်းဖောင်းလေးကို တစ်ချက် ဆွဲ ကာ မေးလိုက်တော့ မျက်စောင်းလှလှက ထောင်းကနဲ။

" ကိုကို သူတို့ကို မကိုက်ပါနဲ့တဲ့"

ပြောပြီး ခေါင်းလေးပြန်ငုံ့သွားသည်။
နှုတ်ခမ်းလေးကိုထော်ထားသည်။
လက်ကလေးက အင်္ကျီ အောက်နားစ လေးနှင့် ဆော့ကစားလျက်။

"ဟင်"

သူ့အံ့ဩ သလို မျက်လုံးပြူး ပြီးကြည့်လိုက်တော့ သူ့ကို ပြန်မော့ ကြည့်လာသည် တဖန် ပြန်ငုံ့သွားသည်။

Koo Koo's Ko KoWhere stories live. Discover now