"ညောင်...... ညောင်...... ညောင် "
မိမိ ခြေရင်းမှ မျက်နှာပေါ်သို့ ပွတ်သပ်တွယ်တက်လာသော ရောဘတ် ကြောင့် ရော်ဘင် နှုတ်ခမ်းစလေး ကွေးတက်သွားသည်
မိမိ၏ ဘေးတွင် ဆိုးတူကောင်းဘက် နေခဲ့သော ကြောင်လေးပင်မဟုတ်ပါလား
"ရောဘတ်...... baby......လာလေ"
မိမိ၏ ခေါ်သံကြောင့်လားမသိ ရောဘတ် လည်း အမြီးရမ်းတန်းတန်း နှင့် ကိုယ်ကို လှုပ်လီလှုပ်လဲ့ လုပ်ပြီး လျှောက်လာသည်
မျက်နှာနားသို့ရောက်ရောက်ချင်း ရော်ဘင် လန့်သွားသည်မှာ ယခင်က မိမိအား မျက်နှာကို ရောဘတ်က လျှာနှင့်လျက်ဖူးသော်လည်း
ယခုမူကား နှုတ်ခမ်းကိုပင်
ဤသည်မှာတစ်ချက်မဟုတ် အချိန်ကာလအားဖြင့် ငါးမိနစ်ကြာ၏
ရော်ဘင်ကတော့ မှင်သက်နေမိ
မိမိ၏ second kiss ကိုကြောင်ကယူသွားသောကြောင့်ပင်
ကြောင်၏လျှာမှာ ကြမ်းသောကြောင့် အလျက်ခံရတိုင်း မျက်ရည်စတို့ စို့တက်လာသည်
ရော်ဘင်ကတော့ ရောဘတ်ကို ကြည့်မြဲကြည့်နေ
ရောဘတ်ကတော့ တစ်စုံတစ်ခု ကိုသာ အာရုံရောက်နေသယောင် အလုပ်မပျက်ပေ
************************************
"ခွမ်း"
ကြမ်းပြင်တွင် ကွဲကြေနေသော ဝိုင်ခွက်စ နှင့် ဝိုင်နီများ ပြန့်ကျဲလျက်
"လခွမ်း.....ဘာပြောတယ်"
"အရှင်.....ဒါအမှန်ပါပဲ.....ဖီးနစ်မြို့စား.......လူ့ပြည်ကပြန်ရောက်နေပြီဖြစ်ကြောင်းပါ"
ဤသည်ကို ကြားသည်နှင့် ထိုသူ၏ နှုတ်ခမ်းထက်မှ ကြောချမ်းစရာအပြုံးတစ်ပွင့် ပေါ်ထွက်လာသည်
"အရှင်....ထပ်မံရရှိတဲ့ သတင်းကတော့....."
ခန်းမဝင်ပေါက်ကနေ ဒူးထောက်လျက် လျှောက်တင်နေသော ရဲမက် ပေါ်သို့ စိမ်းမြမြ အကြည့်ဆိုက်သွားသည်