ရော်ဘင်ကို rb လို့ပြောင်းသုံးမယ်နော်
************************************
လွန်ခဲ့သော သုံးလက
"မြို့စားမင်း.... နိုးနေပြီလား"
အိမ်တော်ရှိအစေခံမလေးများက ကိုယ်ကို 90ံ ကိုင်းလျက်အရိုအသေပေးသည်
"ရှူး.....တိုးတိုးနေ..... နိုးသွားမယ်"
နှုတ်ခမ်း ပေါ်သို့ လက်ညိုးကလေးတင်ကာ လက်သန်းနှင့် ထွက်သွားရန် အချက်ပြလိုက်သည်
Rb ကတော့အပူအပင်မရှိအိပ်မြဲအိပ်နေ
ထိုလူသားပုစိလေးကို မြို့စားမင်း တစိမ့်စိမ့် ကြည့်နေသည်မှာ မိုးပင်စင်စင်လင်းသွားလေပြီ
ထို့နောက် ညကအကြောင်းကိုပြန်တွေးမိရင်း ပြုံးစိစိ ဖြစ်နေပြန်၏
************************************
"ဘယ်သူလဲမသိဘူး..... ချောတာတော့ချောတယ်...ဟီးဟီး...
အိမ်မက်ထဲကလူက...... အရမ်းချောနေပါလား....
နာမည်ဘယ်လိုခေါ်လဲ.... "မိမိအား ပြူးတူးတူး ကြည့်နေသော်လည်း အိပ်ချင်စိတ်ကြောင့် မျက်စိအနည်းငယ်စဉ်းနေသော rb ကို မြို့စားမင်း မရယ်ဘဲမနေနိုင်
"အဟမ်း..."
ချောင်းတစ်ချက်ဟန့်လိုက်ပြီး
"Philip.. "
မြို့စားမင်းအား သေချာ ကြည့်ပြီး
"အိမ်ကကြောင်လေး နာမည်နဲ့တူလိုက်တာ.....အဟိ....
ချစ်ဖို့ကောင်းလိုက်တာ.... "Rb တစ်ယောက် မပြောမဆိုနှင့် မြို့စားမင်း၏ နှုတ်ခမ်းကို နမ်းလိုက်သည်
"Philip....နဲ့တူလိုက်တာ"
ထို့နောက် အိပ်ပျော်သွားတော့သည်
အိပ်ပျော်နေသော rbကို ကြည့်ရင်း ယခု မိုးစင်စင်ပင်လင်းနေပြီ ဖြစ်သည်
************************************
"ဝါး......."
ရုတ်တရက် ထွက်ပေါ်လာသော သမ်းဝေသံ နှင့်အတူ အပျင်းကြောဆန့်နေသော rb