ဒါက တကယ်ပဲ အိပ်မက်ဆိုရင် ဘယ်သောအခါမှ နိုးထမလာရပါစေနဲ့...။
အိပ်မက်ဆိုတောင် အရမ်းကို ထူးဆန်းပြီး ရှည်လျားလွန်းတယ်။
ရိပေါ် ရှောင်ကျန့်ကိုဖက်ထားရင်း ခုတင်ပေါ်လှဲနေလိုက်တယ်။
တကယ်တော့ ရှောင်ကျန့်ကရိပေါ်ကို အလုပ်သွားဖို့ ပြင်ဆင်ခိုင်းနေပြီ။ ရိပေါ် မသွားချင်ဘူး။ နေမကောင်းလို့ ဒီနေ့တစ်ရက် ခွင့်ယူမယ်ဆိုပြီး ပြောထားတယ်။ဒါမဲ့ ရှောင်ကျန့်မှာ ဒီအပတ်ကုန်ကျရင် တင်ရမယ့် ဒီဇိုင်းတွေရှိတယ်။ ရိပေါ်သာ အလုပ်မသွားရင် ရှောင်ကျန့်ဘေးမှာ တောက်တဲ့လို တွယ်ကပ်နေပြီး တအီအီ လုပ်နေမှာ။
အဲ့လိုသာဆို ဒီပိတ်ရက်ကျ တင်ရမယ့် ဒီဇိုင်းတွေ ပြီးမှာမဟုတ်တော့ဘူး ။အရာရာကအထူးအဆန်းပဲ။ ထပ်တူညီနေတယ်။
ကောမထွက်သွားခင်နဲ့ တစ်ပုံစံတည်း ဖြစ်ပျက်နေတယ်။
ဒီဇိုင်းတင်ရမှာရော။ ရိပေါ်ရဲ့ ကွက်ကြားဘောင်းဘီကို ဝတ်ထားတာရော။ရှောင်ကျန့် ရိပေါ်ရဲ့ ဒီဘောင်းဘီကို မကြိုက်ဘူး။
ဈေးကြီးတာကို လက်လွတ်စပယ် ဝယ်စရာလား လို့ ဆူတယ်။
ရိပေါ်ရဲ့ အဝတ်အစားတွေက ဗီဒို နှစ်လုံးအပြည့်ရှိတယ်။
ဒါကိုတောင် အသစ်တွေ ထပ်ထပ်ဝယ်လို့ ရှောင်ကျန့်က အမြဲပြောတယ်။ရိပေါ်အတွက်တောင် ခပ်ပွပွ ဖြစ်နေတဲ့ ဘောင်းဘီက ရှောင်ကျန့် ဝတ်ထားတော့ ကလေးက လူကြီးအဝတ်ယူဝတ်ထားသလို ဖြစ်နေတယ်။
"ဒီနေ့ကျမှ ဝမ်ရိပေါ်က ထူးထူးဆန်းဆန်း တွေလုပ်နေတာပဲ။''
ရှောင်ကျန့်က လှဲနေရာကနေ ထထိုင်လိုက်တယ်။
လှဲနေတဲ့ ရိပေါ် ရင်ဘတ်ကို ခပ်ဖွဖွ ပုတ်ပြီး"ပြောစမ်း ။ မင်း ငါ့ကို ဘာလိမ်ထားလဲ''
မျက်လုံးကို မှေးပြီး ရိပေါ်ကို မေးတယ်။
ရိပေါ်က ရှောင်ကျန့်နဖူးကို လှမ်းတောက်လိုက်တယ်။"ဒီဇိုင်းတွေ စဉ်းစားရလို့ လွတ်သွားပြီလား ''
ရှောင်ကျန့် ရိပေါ် လက်မောင်းကို ခပ်ဆတ်ဆတ်ရိုက်ရင်း
"လိမ်ထားတာရှိရင် ဝန်ခံထားနော်။ မဟုတ်ရင် သိတယ်မလား''
ရိပေါ် အသံထွက်ပြီး ရယ်ချလိုက်တယ်။
ဒီလူသားကို ချစ်လိုက်တာ။