"ပြောင်းဘူး ပြောင်းဘူး ပြောင်းဘူး။"
ဟဲ့ကလေးမ ခေတ်လူငယ်တွေခက်ကုန်ပြီ အသံက ပြောင်းဖူးပါ။ ဒီပြောင်းဖူးသည်လေးတော့ပြင်ပေးမှပါ။ အားလုံးကြားလို့မတော် ပြောင်းဘူး ပြောင်းဘူးနဲ့ခက်ပြီ။
ပြန်အော်ကြည့်စမ်း ပြောင်းဖူး ။ ဖူး ဖူး f သံနဲ့ဆုံးတယ်။
ထို့နောက် အသံတွေကိုစနစ်တကျဘယ်လောက်ထွက်သင့် တယ်ဆိုတဲ့အကြောင်း ရှင်းပြလိုက်တယ်။ စကားသံဖြစ်အင်္ဂါတွေကဘာတွေ ဘယ်လိုပေါင်းပြီး အသံမှန်အောင်ထွက်ရတယ်ဆိုတဲ့အကြောင်းလေး ရှင်းပြလိုက်သည်။အဘ ဒီကနေ့က ဘူးသီးနုနုလေးပါရလာလို့ အဲဒါ ပြောင်းဖူးနဲ့ ဗူးသီး ပေါင်းပြီး၊ ပြောင်းဗူး ဆိုအော်ပြီးရောင်းတာပါ။
အဘက နားကြားလွဲပြီး ဗူးကို ဘူးလို့ကြားတာပါအဘရဲ့။ ကိုယ်တောင် နဲနဲဖြုံသွားသည်။ ဗူးနှင့်ဘူး ပြတ်သားအောင်ထွက်ကြည့် သည် မရ။အဘက သဘောကောင်းပြီး ပညာကြီးပုံပဲ။ ပြောင်းဖူး ငါးထောင်ဖိုးနဲ့ ဘူးသီးငါးထောင်ဖိုးထုတ်ထားလိုက်ပြီးပြီ။
အော် လျှာရှည်လိုက်တာ တစ်သောင်း ထိသွားပြီ။
အိမ်က မိန်းမကိုတော့ ပင်စင် မထုတ်ရသေး ဘူး ပဲပြောရတော့မယ်ကွာ ရော့ရော့ တစ်သောင်း ။အဘ ပင်စင်မထုတ်ရသေး ဗူးမဟုတ်ဘူး " ဘူး "လေ အဘရဲ့။ အဘ ပြန်ထွက်ကြည့်ပါဦး ဗူး ၊ ဘူး.....။ အခုထိမရသေး။ ကိုယ့်နားထဲကို မကွဲဘူး။
အိမ်အပြန်လမ်းတတစ်လျောက် တ ဗူး/ဘူး နဲ့လေ့ကျင့် လာလိုက်တာ အိမ်ပင်ရောက်တော့မည်။ ပင်စင်မထုတ်ရသေးဗူး လို့ ပြောရင်ကောင်းမလား ။
ပင်စင်မထုတ်ရသေးဘူးလို့ပြောရင်ကောင်းမလား။ စဉ်းစားမရ။ ဗူး နဲ့ ဘူး မတူတာတော့သေချာသည်။
ပါလာသည့် ပပြာင်ဖူး နှင့် ဗူးသီး မျက်နှာနဲ့တော့ ယုံကြည်နိုင်ကောင်းပါရဲ့။နောက်လမ်းမှာ ပြောင်းဘူး ပြောင်ဘူး ဆိုသူများနှင့်တွေ့လျှင် မရှင်းပြရဲတော့ပါ။ အဲဒီနေ့ သူတို့ ဘူးသီးနုနုလေးတွေပါလာတာပဲနေမှာလို့သာတွေးပြီး ကိုယ့်ဘာသာကိုနားလညိလိုက်တော့သတည်း။