(Zawgyi)
Off နဲ့ Gunရဲ့ ဆက်ဆံရေး တစ်လကြာပီးတဲ့နောက်
Off' Pov-ကျွန်တော်ကလေးဆီက အဖြေကိုတိတိကျကျရမှ ရတော့မယ်ဗျာ ကျွန်တော် မခံစားနိုင်တော့ဘူး 😣ကျွန်တော် ကလေးကိုသွားခေါ်တော့ ကျွန်တော့ ယောက္ခမကြီးက သဘောကောင်းပါတယ် ကျွန်တော်ကိုမနက်စာမစားရသေးရင်တစ်ခါတည်းစားသွားဖို့ပြောတယ်
ကားလည်းသေချာမောင်းဖို့ရော အကုန်ပဲ ကျွန်တော့်ကို သားတစ်ယောက်လို ဂရုစိုက်ပါတယ်ကျွန်တော်တစ်ခုပြောဖို့မေ့သွားတယ်ဗျ ကျွန်တော့်မှာ မိဘတွေမရှိတော့ဘူးဗျ.....
(အဲ့အကြောင်းလေးတွေကို သပ်သပ် တစ်ပိုင်းရေးပေးပ့မယ်နော်)
အဲ့တော့ ယောက္ခမကိုပဲ မိဘကို ရိုသေပီး ချစ်ရမှာပေါ့ 😝😝😝သဘောမကောင်းတာကတော့ ကျွန်တော့ကလေး အသေးလေးပါပဲဗျာ ကျွန်တော့ကို တွေ့တိုင်း မျက်နှာက Autoပုတ်တယ် စကားဆိုလည်း ကျွန်တော်က ဒါဆို သူက ဟိုဟာပဲ ခက်တာက ကျွန်တော်ကလည်း သူဘာလုပ်လုပ် အပြစ်မမြင်ဘဲ ချစ်မိနေတာ 🤓🤓
ကဲကျွန်တော်ကျေကျေနပ်နပ် ထမ်းဆောင်ချင်နေတဲ့ duty လေးဖြစ်တဲ့ ကလေးကို ကျောင်းသွားပို့ဖို့ သွားလိုက်ဦးမယ် ကလေးလည်းစောင့်နေလောက်ရောပေါ့....
ကလေးအိမ်ရှေ့ရောက်တော့ ဟော အိမ်ရှေ့မှာ ဆူပုတ်ပုတ်နဲ့ ကျွန်တော့်ကိုစောင့်နေတဲ့ ကလေးသေးသေးလေး 😁😁😁Gun-ခင်ဗျားဘာတွေလုပ်နေလို့ နောက်ကျနေတာလဲဗျ ကျွန်တော် ကျောင်းနောက်ကျတော့မယ် 😒😒
Off-ကလေးရယ် ကိုယ်ပုံမှန်ချိန်လာတာပါပဲကွ နောက်မကျပါဘူး 😞 လာလာကားပေါ်တက်တော့နော် ကိုယ်လိုက်ပို့ပေးမယ်...ဒီလိုနဲ့ ကားလေး ကျောင်းဆီသို့ ဦးတည်ခဲ့လေပီ
မပီးသေးတာက ကားပေါ်ကရန်ပွဲ..,......Gun-ဘာလဲ ခင်ဗျားက ကျွန်တော့်ကိုငြိုငြင်တာလားပြော😒😒😒အခုကျ ကျွန်တော့ကိုစိတ်ကုန်နေပီပေါ့ ဟုတ်လား အဲ့လိုလားပြောလေ😒
Off-မဟုတ်ပါဘူးကလေးရာ ကိုယ်ကကလေးကို အခုထိ ချစ်နေတုန်းပါပဲ အချစ်တွေက လျော့မသွားတဲ့အပြင် တဖြည်းဖြည်းနဲ့တောင်တိုးတိုးလာနေသေးပါတယ် ကလေးမယုံရင် ကိုယ့်ကိုအခုအဖြေပေးလိုက်ကွာ ကလေးယုံအောင် ကိုယ်ဂရုစိုက်ပြမယ် ဘယ်လိုလဲ ကလေး ကိုယ့်ကိုအဖြေပေးတော့မှာလား 😁
YOU ARE READING
รักหนึ่งคำ จดจำตลอดไป (Love A Word To Remember Forever)
FanfictionRomace လေးဖြစ်ပါမယ် Gun ကျောင်းသားလေး Off ကတော့ ဆရာဝန်လေး မတော်တဆမှု တစ်ခုလေးကြောင့် တွေ့ကြရင်း ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဖတ်ကြည့်ရအောင်နော် 😍😍😘