รักหนึ่งคำ จดจำตลอดไป 8

332 31 0
                                    

(Zawgyi)

ကျွန်တော်က ကလေးတွေကိုဆေးလိုက်စစ်ပေးနေတော့ သူက ကလေးတွေကို လိုက်ပီး အားပေးနေရှာတာ ကျွန်တော့်ကိုလည်းဆေးမထိုးပေးဖို့တွေကလှမ်းမှာရသေးတယ် ဆေးစစ်ပီးတဲ့ ကလေးတွေကလည်း ကိုကိုဆော့မယ်ဆိုတော့လည်း သူ့မှာက ခဏနေဆော့မယ်က လှမ်းပြောရသေး အလုပ်တွေရှူပ်နေတဲ့ ကျွန်တော့ကလေးလေးရယ်ပါ.....
.
.
.
.
.
ညနေရောက်တော့ ကျွန်တော်တို့ဆရာတော်ဆီမှာ ရေစက်ချအမျှအတန်းဝေပေးပီးတော့ ပြန်တော့မယ်ဆိုတော့ လိုက်နှုတ်ဆက်ကြတယ်.....

Gun-သားသားတို့ ကိုကိုက နောက်ခါကျ ထပ်လာခဲ့မယ်နော် အဲ့ကျရင် မုန့်တွေလည်းအများကြီး ဝယ်လာခဲ့မယ် သားသားတို့နဲ့လည်း အကြာကြီးဆော့ပေးမယ်နော် 😭😭😭

ကလေးတွေ-ဟုတ်ကဲ့ကိုကို နောက်ခါကျရင် ကိုကိုအကြီးနေနော် 😭😭😭

မဖြစ်တော့ဘူး ဒီကလေးတွေကြားထဲ ကျွန်တော် ဝင်ပါမှဖြစ်တော့မယ်......

Off-ကလေး မငိုရဘူးလေ ကလေးငိုတော့ သူတို့လည်း င်ုမှာပေါ့ ကလေးရဲ့ ကလေးမငိုနဲ့တော့နော် 😞😞😞
Gun-ကျွန်တော်လည်း ဘယ်ငိုချင်မလဲဗျ သူ့ဘာသာကျကျလာတာကို.....ပြန်ရအောင် ကျွန်တော်မခံစားနိုင်တော့ဘူး.....

Off-အွန်းပါ အာ့ဆို ကျွန်တော်တို့ပြန်ပါဦးမယ်ခင်ဗျ....

ကျွန်တော်က နှုတ်ဆက်ကာရှိသေးတယ် ကိုယ်တော်လေးက ကော့တော့ကော့တော့နဲ့ ကားဆီကိုသွားနေတာ
ကျွန်တော်ပြေးပီးတော့ကားတံခါးဖွင့်လည်းပေးတော့ဝင်ထိုင်ပီး တရှူံ့ရှူံ့နဲ့ ပခုံးလေးတွေပါ လှုပ်လှုပ်ပီး ငိုနေတာဗျာ.....ကလေးရာစိတ်ထားလေးက နူးညံ့လိုက်တာကွာ 😍 ကျွန်တော်လည်း ကားထဲဝင်ထိုင်ပီး ကားမမောင်းနိုင်သေးဘူး ကလေးကိုအရင်အငိုတိတ်အောင်လုပ်ရဦးမယ်လေ..... ကလေးကို ပခုံးလေးကနေ ဆွဲပီး ကျွန်တော့ ရင်ခွင်ထဲကို ထည့်ထားလိုက်တော့ အလိုက်သင့်လေးပါလာတဲ့ ကျွန်တော့ကလေး....ကလေးနောက်ကျောလေးကိုပုတ်ပုတ်ပီး....

Off-ကလေးရယ် အဲ့လောက်တောင်စိတ်မကောင်းဖြစ်နေရတာကွာ....ကလေးဒီလိုခံစားရမယ်မှန်းသိရင် ကို မခေါ်ခဲ့ပါဘူးကွာ... ကိုယ့်ကြောင့်ပါ...😞

รักหนึ่งคำ จดจำตลอดไป (Love A Word To Remember Forever)Where stories live. Discover now