".ပန်းနတ်ဘုရားနဲ့နဂါးနတ်သားတို့.ရောက်ရှိလာကြောင်း.ကောင်းကင်မင်းကြီးကို.လျှောက်တင်ပါတယ်.''
ချောမောလှပလွန်းတဲ့.မိန်မပျိုလေးရဲ့လက်ကိုကိုင်ပြီး.ခန်ညားလှတဲ့ယောက်ျားတစ်ဦး.ရောက်လာချိန်မှာတော့.အားလုံးကသမင်လည်ပြန်ငေးကြည့်နေမိတယ်။.ကောင်းကင်မင်းကြီး၏အသံကိုကြားမှပင်သတိဝင်လာကြပြီးအရှက်ပြေရယ်မောလာကျတယ်။.ကောင်းကင်မင်းကြီးဆိုသူကတော့သာ.ထိုလူတွေကြောင့်သက်ပြင်းအသာချလိုက်တယ.
"...ဟွားဟွားနဲ့လင်းမန်.မင်းတို့ကိုယ်တော့်ဆီ.ဘာကိစ္စရှိလို့လာကြတာလဲ...''
ကောင်းကင်မင်းကြီးက.ဟွားဟွားဆိုတဲ့ပန်းနတ်သမီးလေးကိုကြည့်ကာ.အတိတ်ကပုံရိပ်များကို.မျက်လုံးထဲပြန်မြင်ယောင်လာတယ်။.သူရယ်၊ဟွားဟွားရယ်၊လင်းမန်တို့ကသူငယ်ချင်းတွေပင်။.သူကဟွားဟွားကို.နှစ်သက်စုံမက်ခဲ့ပါသောလည်း.ကောင်းကင်မင်းကြီးရဲ့သားတော်ဟုသောဂုဏ်ပုဒ်ဖြင့်.ချစ်ရသူကိုစွန့်လွှတ်ခဲ့ရတယ်။.
လင်းမန်မှာသူကြောင့်.အသည်းကြွေလုမတက်ခံစားနေရတဲ့.ဟွားဟွားဘေးတွင်အဖော်ပြုခဲ့ပြီး.အချိန်ကြာလာသည်နဲ့အမျှ.မေတ္တာမျှကာချစ်ကြိုးသွယ်သွားကြတယ်။.ပြန်လိုချင်ပါသောလည်း.သူကိုယ်တိုင်ရွေးချယ်ခဲ့တာမို့.နောင်တရနေရုံမှတစ်ပါးဘာမှမဖြစ်လာနိုင်တော့။
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းလောက်က.လက်ထပ်ခဲ့ကြတဲ့.သူတိုနှစ်ဦးရဲ့အချစ်တွေက.ယခုတိုင်လှပနေစဲ၊ရှင်သန်နေဆဲ။.ရှုပ်ထွေးလွန်းတဲ့အရေးတွေနဲ့ဝေးရာမှာနေပြီး.ပျော်ရွှင်နေကြတဲ့သူတို့နှစ်ဦးက.ဘာအတွက်များသူ့ဆီကိုရောက်လာခဲ့ပါလိမ့်။
"..ကောင်းကင်မင်းကြီးကို..ကျွန်တော်မျိုးတို့ရဲ့မမွေးဖွားလာသေးတဲ့.ကလေးငယ်လေးအား.အမည်ပေးစေချင်တာမို့..ကျွန်တော်မျိုးတို့ရောက်လာကြခြင်းပါ..''
အော်!.ချစ်ရသောလူနဲ့သူငယ်ချင်းမှာ.ရင်သွေးလေးရှိနေပြီပဲ။
"...ကောင်းပြီ။.ငါကိုယ်တော်မိန့်တော်မူတယ်။.သင်တို့နှစ်ယောက်ရဲ့.မွေးဖွားမလာရသေးတဲ့.ကလေးငယ်လေးသည်..သမီးလေးဖြစ်ပါက.ရှောင်ယွမ်လို့အမည်တွင်စေပြီး.သားလေးဖြစ်ပါကရှောင်ကျန့်လို့.အမည်တွင်စေ...''
YOU ARE READING
Once Upon A Time [ Completed ]
FanfictionStart date - 12 Sep 2019 End date - 20 Dec 2019 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]