part. 6

14.5K 1.4K 18
                                        

ဟောက်ရွှမ်း.အခုလူသားတွေနေတဲ့နေရာကို.တာဝန်အရရောက်နေတယ်။.မိစ္ဆာမျိုးနွယ်ဖြစ်တဲ့ဖီးနစ်မျိုးနွယ်ဝင်တွေက.သူတို့ရဲ့အရှင်ပျောက်သွားတဲ့နောက်ပိုင်းကစပြီးတော့.ပိုမိုအထိန်းအကွက်မဲ့လာတယ်။.ဒါကြောင့်သူဖြေရှင်းဖို့ရောက်လာခြင်းပဲ။..

စိတ်ထဲမှာကလည်း.အကြိမ်ကြိမ်သက်ပြင်ချနေမိတယ်။.သူရဲ့ကြင်ယာတော်လောင်းလေးက.လူပြည်ကိုခိုးထွက်သွားသည်ဆိုပဲ။.သူတကယ်လက်မထပ်ချင်ပါ။.နာမည်သာကြားဖူးပြီး.မမြင်ရတဲ့လူကို.လက်မထက်ချင်။.သူချစ်မြတ်နိုးရတဲ့လူကိုသာ.သူလက်ထက်ချင်တယ်။

ဒါပေမဲ့လည်းဂြင်းဆန်လိုရမယ်တဲ့လား။.သူဖခင်ကောင်းကင်မင်းကြီးအကြောင်းကို.သူကောင်းကောင်းသိတယ်။.သူ့ဖခင်ကောင်းကင်မင်းကြီးက..သူလုပ်ချင်တာကိုဆိုးသည်ဖြစ်စေ..ကောင်းသည်ဖြစ်စေ.ဇွတ်လုပ်တက်တဲ့အကျင့်ရှိတယ်။.ဘယ်သူ့ကိုမှလည်းမျက်လုံးထဲမထည့်။.

မိစ္ဆာတွေဖက်ကအရှင်ကလည်း..အခုထိဘယ်နားမှာရှိလို့ရှိနေမှန်းမသိ။.ပျောက်သွားခဲ့သည်မှာလည်း..နှစ်ပေါင်းတစ်သောင်းတောင်ရှိလို့နေတယ်။.ဒီတစ်ခါသူကောင်းကင်ဘုံကိုပြန်ရောက်ရင်.နဂါးနတ်သားစီသွားရအုံးမယ်။မင်္ဂလာကိစ္စအတွက်..
.
.
.

ရှိမင်.သူပွေ့ချီလာတဲ့ကောင်လေးကို.အိပ်ယာပေါ်တင်ပေးလိုက်တယ်။.မျက်နှာဖုံးအောက်က.ဒီကောင်လေးရဲ့မျက်နှာလေးက..ချောမယ်ဆိုတာသူသိပြီးသား။.မျက်နှာဖုံးလေးကိုဖယ်ရှားလိုက်တဲ့အချိန်..ပေါ်လာတဲ့မျက်နှာလေးကြောင့်.သူမှင်သက်သွားတယ်။.ဒီလောက်ထိလှပတဲ့လူကို.သူအခုမှပထမဆုံးမြင်ဖူးခြင်းပင်..။

ဒီကောင်လေးကို.သူပိုပြီးတော့လိုချင်တပ်မက်လာခဲ့တယ်။.သူရဲ့ကြင်ယာတော်အဖြစ်သိမ်းပိုက်ဖို့.သူနည်းနည်းလေးမှမစောင့်ချင်တော့။.အစကတော့သူကစားလို့ဝသွားတာနဲ့..စွန့်ပစ်မလို့ပဲ။.ဒါပေမဲ့မြင်လိုက်ရတဲ့.မျက်နှာလေးကြောင့်.သူ့အပိုင်အဖြစ်အမြဲလိုချင်သွားတယ်။

ဒါပေမဲ့မေ့နေတဲ့လူတစ်ယောက်နဲ့တော့.သူမပျော်ပါးချင်ပါ။..အနည်းဆုံးတော့သူ့အောက်မှာ..သူပြုသမျှကိုခံပြီးထွက်ပေါ်လာမဲ့.ညည်းသံလေးများကြားချင်သေးတယ်။.ဒါကြောင့်.ကောင်လေးနိုးလာမဲ့အချိန်ထိ.စောင့်နေလိုက်တယ်။.အခန်းတံခါးခေါက်သံကြောင့်ဖွင့်ပေးလိုက်တော့.သူမှာထားတဲ့ပစ္စည်းကိုလာပေးတာပဲ။

Once Upon A Time [ Completed ] Donde viven las historias. Descúbrelo ahora