part. 2

20.7K 1.8K 23
                                        

ပန်းလေးတွေစတင်ညှိုးနွမ်းလာတဲ့အချိန်မှာတော့.ပန်းနတ်သမီးကွယ်လွန်သွားကြောင်းကို.အားလုံးဟာသိလိုက်ရတယ်။.ပန်းနတ်သမီးအတွက်.ပူဆွေးနေရတာကြောင့်.ကျူးကျော်ဝင်ရောက်လာတဲ့.ဖီးနစ်နတ်ဘုရားကိုသတိမထားမိကြပေ။

နဂါးနတ်သားလင်းမန်က.သူ၏သူငယ်ချင်းဖြစ်သူ.ကောင်းကင်မင်းကြီးရောက်ရှိလာတဲ့အတွက်.သားတော်လေးကိုနူးညံတဲ့ဖဲမွေ့ယာပေါ်တွင်.အိပ်စေကာထွက်လာခဲ့တယ်။..ဘယ်သူမှမရှိသည့်အချိန်ကြမှ.ဖီးနစ်နတ်ဘုရားက.ကလေးငယ်လေးရှိတဲ့အခန်းထဲ.ဝင်လာခဲ့တယ်။.ဖီးနစ်နတ်ဘုးရားမှာ.ဖီးနစ်မျိုးနွယ်ရဲ.အရှင်မင်းကြီးဆိုသူဖြစ်တယ်။.

နတ်ဘုရားက.နှစ်ခြိုက်စွာအိပ်မေကျနေတဲ့..ကလေးလေးကိုကြည့်ပြီး..ရင်ထဲလီပကြည်နူးတဲ့.ခံစားချက်များပေါ်ပေါက်လာခဲ့တယ်။.ကလေးငယ်လေးကိုသူ၏လက်တွေနဲ့.အသာအယာကိုင်တွယ်လိုက်ချိန်မှာတော့..ရင်ဘတ်ထဲနှလုံးသားက.စတင်လောင်ကျွမ်းလာတာကို.ခံစားမိလိုက်တယ်။.

ကလေးငယ်လေးကထိုအထိအတွေ့ကြောင့်.အိပ်မောကျနေတာကနေနိုးသွားပြီးငိုနေတဲ့အတွက်.ရင်ခွင်းထဲထည့်လို့ချော့သိပ်လိုက်တော့မှပဲ.ပြန်အိပ်ပျော်လို့သွားတယ်။.ကလေးငယ်လေးက..ယောက်ျားလေးဖြစ်နေပေမဲ့.ကော့စင်းနေတဲ့.မျက်တောင်လေးတွေ၊.လှပလွန်းတဲ့.မျက်လုံးဝိုင်းဝိုင်းလေးတွေ၊.ချစ်စရာကောင်းတဲ့.နှာတံသွယ်သွယ်လေးတွေ၊.ပန်းနုရောင်သန်းနေတဲ့.နှုတ်ခမ်းပါးလေးတွေကို.ပိုင်ဆိုင်ထားတယ်။.

ကလေးငယ်လေးကသူတွေ့ဖူးသမျှ.နတ်သမီးတွေ၊.နတ်သားတွေ၊.နတ်သူငယ်တွေထက်.အဆပေါင်းများစွာချောမောလှပလို့နေတယ်။.ကလေးငယ်လေးရဲ့.နူးညံ့အိစက်နေတဲ့ပါးဖေညင်းဖောင်းလေးကို.မြတ်နိုးစွာကိုင်တွယ်လိုက်ပြီး

"..ကလေးလေးရေ..ကိုယ်တော့..မင်းကိုအရမ်းချစ်မိသွားပြီထင်တယ်။.ကိုယ့်ကိုစောင့်နေနော်။.ကိုယ်ပြန်လည်မွေးဖွားခြင်းပြီးတာနဲ့.မင်းလေးကိုလာခေါ်မယ်..''

ခန္ဓာကိုယ်ကမီးဓါတ်တွေကြောင့်.ပိုပြီးပူလောင်လာတာမို့.ပြန်ဖို့ပြင်လိုက်စဉ်.ကောင်ကင်မင်းကြီးနဲ့တည့်တည့်တိုးကာ.တိုက်ခိုက်ကြရတော့တယ်။.ပုံမှန်အချိန်တွေဆို.စိတ်ပူစရာမလိုပေမဲ့လည်း.ယခုမှာမွေးဖွားခြင်းစတင်နေပြီမို့.အားနည်းနေပြီဖြစ်တယ်။.ဒါကိုသိပုံရတဲ့ကောင်းကင်မင်းကြီးက.သူ့ကိုအလွှတ်မပေးပဲတိုက်ခိုက်လို့နေတယ်။

Once Upon A Time [ Completed ] Onde histórias criam vida. Descubra agora