ရိဖေးတစ်ယောက် ကြောက်လန့်တကြားနဲ့ နိုးထလာခဲ့တယ်, ခေါင်းတွေကမူးနောက်နောက်ဖြစ်နေပြီး ထိုင်မလိုလုပ်တုန်း သူ့ရဲ့လက်က ကုတင် လက်တိုင်မှာ လက်ထိပ် တစ်ခုနဲ့ ချုပ်နောင်ခံထားရတယ်....
"ငါမနေ့က ဘာတွေဖြစ်သွားခဲ့တာလဲ"
သူမလက်က လက်ထိပ် ကြောင့် ကျင်နေပြီးလှုပ်ရှားလို့တောင်မရတာကိုကြည့်ရရင် တစ်ရက်လောက်ရှိနေပြီ....သူမစဉ်းစားတယ်....
*ငါ...ငါမနေ့က မို့ကျန်းယွီ စီကနေထွက်ပြေးတယ်...ပြီး..ပြီးတော့ လေဆိပ် ရောက်တော့.....*
ဘယ်သူထင်ထားမှာလဲသူက စောင့်ကြိုနေတယ်ဆိုတာ နိုင်ငံခြားသားလုပ်ငန်းရှင်တွေလိုမျိုး နက်ကတိုင် ဘောင်းဘီရှည်နဲ့ မျက်ခုံးကလည်းတန်း ပြီး ပန်းစီရောင် နှုတ်ခမ်း ရဲ့ အပေါ်က မှဲ့နဲ့ ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ Gentleman ဆန်တယ် ပျိုတိုင်းကြိုက် နှင်းဆီခိုင်ပေါ့.... ဒါပေမဲ့ ဘယ်သူထင်မှာလဲ စိတ်ဓာတ်ကို ယုတ်မာကောက်ကျစ် တဲ့မကောင်းဆိုးဝါး လိုလူဆိုတာ............
"ဟ....ဟာ...ဟား....ဟား....ဟား......''
ရိဖေး အရူးတစ်ယောက်လို သူမ မျက်နှာ ကိုလက်နက်အုပ်ပြီးရီနေမိတယ်.... သူမ သူ့ကိုလက်ထက်ရတာ သူ့ဖေမေတွေကြောင့် သူတို့ မိသားစုက ချမ်းသာဆုံး စာရင်းဝင် top 6 မှာရှိတယ်.....မို့ကျန်းယွီ တို့က top SS+ ပေါ့ သူတို့ဖေမေတွေကရင်းနှီးကြတော့ သားသမီးချင်းပေစားကြတယ် ရိဖေး ကလည်း အရင်တုန်းက သူ့ fan ဖြစ်ခဲ့ဖူးတယ်.... သူလည်းရူးခဲ့တယ်..... သူနဲ့လက်ထပ်ရမယ်သိတော့ပျော်ခဲ့တယ်...ရူးရူးမူးမူးဖြစ်ခဲ့တယ်....ဒါပေမဲ့ သူအများကြား အမုန်းခံဖြစ်ခဲ့ တယ် လက်ထပ်ပြီးပြင်မဲ့ ဇနီးမယား အဖြစ်လို့တောင် သူမသတ်မှတ်ခဲ့ဘူး.......သူမ ကိုနေ့တိုင်း နှိပ်စက်တယ်....သူတို့မိသားစုက သူ့ကြောင့်စီးပွားရေးကျရှုံးခဲ့တယ် ဘာ့ကြောင့်လုပ်လဲဆိုတာသူမ မသိဘူး......
"ဒေါက် ဒေါက် ဒေါက်....မမလေး နိုးပြီဆိုရင်ကျနော်ဝင်လာခဲ့မယ်နော်"
"အွန်း..."
တံခါးဖွင့်ပြီး မို့အိမ်တော်ရဲ့ လူယုံတော်အတွင်းရေးမှူး ဂျော့လ် ကဝတ်စုံအပြည့်နဲ့ တံခါးဘေးမှာရပ်နေတယ် သူ့အသက် ၄နှစ်အရွယ်ကတည်းက မို့သခင်ကြီးက ပြုစုရှောက်စောင့်ပေခဲ့တာ....သူ့လုပ်သက် အခု ဆို အနှစ်နှစ်ဆယ်ရှိနေပြီ သူအသက်က 24 သူရဲ့ရုပ်ရည်ကလည်းခန့်ညားပါတယ်.....မို့အိမ်တော်ကအိမ်တွင်းရေး နဲ့ မို့သခင်လေးရဲ့ အတွင်းရေးမှူးဖြစ်တယ်......တခါတလေ စွေ့ဟွား ဆိုတဲ့ အသက် 19 နှစ်ရွယ် ကောင်လေးတစ်ယောက်ကို အိမ်တွင်းရေးတာဝန်ပေးလေ့ရှိတယ် သူကတော့ကျောင်းသားလေးပေါ့ မို့အိမ်တော်ကခေါ်ထားတဲ့ ဒုလူယုံတော်လေးတစ်ယောက်ပေါ့ ရိဖေး ကိုအမတစ်ယောက်လိုသူလေးကချစ်ရှာတယ်.....
YOU ARE READING
Demon Husband,But I LuV Him
Teen Fictionရှောင်ရိဖေး:: "ကျမကြောက်တယ် သူ့ ကို, သူ ကပြောတယ် 'ရိဖေး,မင်းငါ့လက်ကပြေးမလွတ်ပါဘူး' တဲ့ သူ ကခြိမ်းခြောက်တယ် 'နောက်တခါထွက်ပြေးရင်, မင်းမိဘတွေကသတ်ပစ်မှာနော်' ကျမ ကြောက်တယ် အရမ်း ကြောက်တယ်. ကျမစိတ်ထဲမှာ သူ့ရဲ့ နှိပ်စက်မှုတွေနဲ့ပြည့်နေတယ်. မလွတ်လပ်ဘူး သူ...