"မို့......မို့ကျန်းယွီ"
"သ...သခင်လေး..."
ဖြောင့်ဆင်းပြီးအညိုရောင်မျက်ခုံး နှင်းဆီနီရောင်လိုရဲနေတဲ့နှုတ်ခမ်း ဖြောင့်ဆင်းနေတဲ့နှာတံနဲ့ အင်္ကျီ အမြဲလက်ရှည်ကို ဂျင်းပြာဘောင်းဘီရှည်နဲ့ဘွတ်ဖိနပ် နဲ့လူငယ်ဆန်ဆန် ဖုန်းကို လက်တဖက်ကကိုင်ထားတယ် ...... ပြီးတော့ ဂျောလ့် ကိုခက်တည်တည်နဲ့ကြည့်ပြီးတော့
"ဒီမှာ မနက်စောစောစီးစီး ဘာတွေဖြစ်နေတာလဲ "
ဆွေ့ဖန်က သူမလုပ်သလို ခလေးမျက်နှာလေးနဲ့ သူပဲ မတရား ကျင့်ခံရသလို.......
"ကိုကို ပြန်လာပြီလား..... ဖန့် ကိုလေ သူတို့တွေက မကြိုဆိုဘူး.....ဟွင့်...နောက်ပြီးတော့လေ အစေခံတွေကလည်း ဖန်ဖန် ကို မလေးမစားနဲ့ ကိုကို ပြောပါအုန်း"
"အွန်း..... "
မို့ကျန်းယွီ က ခက်အေးအေးဆက်ဆက် ပြန်ဖြေလိုက်တယ်
"ဟွန်.....ဘာလို့ ကိုကို က ဖန်ဖန် ကိုခက်တည်တည်ပြောဘူးလို့လဲ......ကိုကို....ကိုကို......ဘာကိုကြည့်နေတာလဲ"
မို့ကျန်းယွီ ဆွေ့ဖန် ရဲ့ စကားသံကို မကြား သူ့မျက်လုံးတွေက ဂျောလ့် ရဲ့ လက်မောင်းပေါ်မှာ မေ့လဲကျနေ တဲ့ ရိဖေး ကိုပဲကြည့်နေတယ်.....ရုတ်တရပ် သူ့ရဲ့ နှလုံးသားက နာကျင်လာတယ်.......
"ကိုကို..."
ဆွေ့ဖန် မို့ကျန်းယွီ ကြည့်တဲ့ဘက်ကိုလိုက် ကြည့်လိုက်တော့ မျက်မှောင် ကြုတ်သွားတယ် သူစိတ်ထဲမှာတွေးမိတယ်..... .
*ကိုကို ဘာဖြစ်နေတာလဲ*
မို့ကျန်းယွီ ဆွေ့ဖန် ရဲ့ လက်ကိုသူလက်မောင်းကနေဖယ်ထုတ်လိုက်တယ်
သူ ဂျောလ့် နားကိုသွားပြီး ရိဖေး ရဲ့ ပါးနဲ့ နှဖူး ကိုကိုင်ကြည့်လိုက်တယ်.........
သူစိုးရိမ် သွားတယ်*ဒီကောင်မလေးတော်တော် ကို ကိုယ်တွေပူနေပါလား*
"ဂျောလ့် သူဒီနေ့မ နက်ထမင်းကောစားရဲ့လား...."
ဂျော့လ်လည်း အမှန်တိုင်းပြောလိုက်တယ်
"ဟုတ်သခင်လေး......ကျနော်မနက်က သခင်လေးမှာတဲ့အတိုင်း ကျွေးလိုက်ပါတယ် ပြီးတော့....ပြီးတော့........."
ŞİMDİ OKUDUĞUN
Demon Husband,But I LuV Him
Genç Kurguရှောင်ရိဖေး:: "ကျမကြောက်တယ် သူ့ ကို, သူ ကပြောတယ် 'ရိဖေး,မင်းငါ့လက်ကပြေးမလွတ်ပါဘူး' တဲ့ သူ ကခြိမ်းခြောက်တယ် 'နောက်တခါထွက်ပြေးရင်, မင်းမိဘတွေကသတ်ပစ်မှာနော်' ကျမ ကြောက်တယ် အရမ်း ကြောက်တယ်. ကျမစိတ်ထဲမှာ သူ့ရဲ့ နှိပ်စက်မှုတွေနဲ့ပြည့်နေတယ်. မလွတ်လပ်ဘူး သူ...