4.နာကျင်စွာနဲ့နှုတ်ဆက်ခဲ့တယ်💔

1.4K 151 7
                                    

မို့ကျန်းယွီ ရီဖေးရဲ့ ပါးလေးကိုကိုင်လိုက်တဲ့

**ဟား......မို့သခင်လေး....လာလေ, ဒီနေ့ကအရမ်းသာယာတယ်နော်,ရေခဲမုန့်စားချင်တယ်**

**အရမ်းမပြေးနဲ့လေ......**

**လာ...လာပါ....**

မို့ကျန်းယွီ လန့်ပြီး လက်ကိုဖယ်လိုက်တယ်.......ပြီး လက်ကိုပြန်ကြည့်လိုက်တယ် သူခေါင်းတွေအရမ်းကိုက်ပြီး နာကျင်နေတယ်.....

**ကျမရှင့်ကိုမုန်းတယ်......မို့ကျန်းယွီ**

မို့ကျန်းယွီ လက်နှစ်ဖက်နဲ့ ခေါင်းကိုအုပ်ထားလိုက်တယ်...... သူ့မျက်လုံးနားက စိုစွတ်လာတာကိုခံစားရတယ်......သူကိုင်ကြည့်တော့

"မျက်ရည်တွေ"

မို့ကျန်းယွီ ရီမိလိုက်တယ် ဂျောလ့် ကိုခေါ်ပြီးတော့ သူ့အခန်းကိုပြန်သွားလိုက်တယ်........ ရိဖေး ကိုတော့ စွေ့ဟွား တစ်ယောက်နဲ့ ကြည့်ခိုင်းထားလိုက်တယ်......အခန်းထဲက သူအလုပ်လုပ်နေကျ စားပွဲပေါ်မှာနောက်ကျောပေးပြီးထိုင်နေတယ်

"ဂျောလ့်....."

"ဟုတ်ကဲ့ သခင်လေး....ဘာများအမိန့်ရှိလို့လဲ"

"ဘာမှမဟုတ်ပါဘူး.....ဆွေ့ဖန်ရော...သူဘယ်သွားလဲ"

"ဟုတ်ကဲ့.... မမလေးဆွေ့ဖန်က ကားနဲ့အပြင်ထွက်သွားပါတယ်"

"သူဘယ်သွားမယ်ဆိုတာပြောသွားလား...."

"မပြောသွားပါဘူး"

"အဲ့ဆိုသွားတော့"

"ဟုတ်ကဲ့"

ဂျော့လ် အပြင်ကိုထွက်သွားပြီး မီးဖိုချောင်ထဲမှာစိတ်လွတ်ကိုယ်လွတ် ဆေးလိပ်သောက်ပြီး တွေးနေမိတယ်

*သခင်လေးက မို့အိမ်ရဲ့ သခင်မလေးရိဖေး ကျစိတ်မပူပဲ မမလေးဆွေ့ဖန် ကိုဘာလို့များစိတ်ပူနေရတာလဲ....ဟူး....အဲ့တာငါနဲ့လည်းမဆိုင်ပါဘူး......"

တစ်ဖက်မှာဆွေ့ဖန် ကားကိုသဲကြီးမဲကြီးမောင်းပြီး ဖုန်းနံပါတ်တစ်ခုကို ရှာပြီးဆက်နေပါတယ်......

"တောက်......ဘာလို့အဲ့လူကဖုန်းမကိုင်ရတာလဲ....နင့်မေလိုပဲ.....အရေးကြီးနေပါတယ်ဆိုနေ"

Demon Husband,But I LuV HimWhere stories live. Discover now