ဝမ်ရီပေါ်လေးကို ချေတယ်လို့ပြောကြတယ်။
တကယ်ဆို ရီပေါ်လေးက ချေတာမဟုတ်ပါနော် ရုပ်ဆိုးတဲ့သူတွေဆို စကားမပြောချင်တာပါ။ဒီနေ့လည်း ကောကောရှောင်းကျန့်ကြီးက Dateလုပ်ဖို့ဆိုပြီး အတင်းပြောလို့ သွားလုပ်ရအုန်းမယ်။
တကယ်ဆို ရီပေါ်လေးက ကျောင်းပိတ်ရက်မှာ အေးဆေး ဂိမ်းကစားချင်တာ။ ဒါပေမဲ့ ကောကောရှောင်းကျန့်ကြီးက ဂိမ်းကစာတာမကြိုက်ဘူးရယ် ။ သူ့လိုပါဝါအထူကြီး တပ်ရမှာဆိုးလို့တဲ့။
ဟော ပြောရင်ဆိုရင်း ကောကောကျန့်ရဲ့ကားသံကြားတယ် သွားလိုက်အုန်းမယ်နော် အက်ဖုအေ အပေါင်းတို့ ပိုင် ပိုင်
" ကလေးလေးရယ် ဖြေးဖြေးလာပါ ချော်လဲအုန်းမယ်"
"ဟွင့် သားက ကောကောကို တွေ့ချင်လွန်းလို့ အမြန်ပြေးလာတာပါနော် မဆူသင့်ပါ"
"ဟုတ်ပါပြီ ကိုယ်က ဆူတာမဟုတ်ပါဘူးစိတ်ပူလို့ပါ"
" ဟုတ် အဲ့ဆို သွားကြမယ်လေ "
"အင်း သွားကြမယ်"
ကားပေါ်ရောက်တော့လည်း ကောကောကျန့်က သူကိုယ်တိုင် ဝမ်ရီပေါ်လေးကို ခါးပတ်ပတ်ပေးတာပါနော်။ ကိုယ်ဘာကို ပတ်မယ်ဆိုတာတောင် ကောကောကျန့်က လက်နာမှာဆိုးလို့ မပတ်ပါနဲ့တဲ့ ဟင်း ဟင်း ဘယ်လောက်တောင် ကောင်းလိုက်တဲ့RS ဘဝလေးလည်း။
"ဟင် ကောကောကျန့် ဒါက ရုပ်ရှင်ရုံကြီးလေ ဘာလုပ်တာလည်း"
"အင်း ဟုတ်တယ်လေ ကိုယ်တို့ ရုပ်ရှင်ကြည့်ရအောင်လေ အခုခေတ်စားနေတဲ့ နိုင်ငံခြားသရဲကား
အရမ်းကောင်းတယ်တဲ့ အဲ့တာ ခလေးလေးကြိုက်မယ်ထင်လို့လေ"တိန် ဒီကကောကောကြီးမီဝေါ့ သူများက သရဲအရမ်းကြောက်တာမသိဘူးလားမသိဘူး ဒါပေမဲ့ ကိုယ့်ရဲ့ imageတော့ အကျမခံနိုင်ဘူး ဟိုထဲရောက်မှ အိပ်နေမယ်။
"wow...... ကောကောကျန့်က အလိုက်အရမ်းသိတာပဲ သားကြည့်ချင်နေတာအတော်ပဲ "
တကယ်တော့ ဝမ်ရီပေါ်လေး သေးတောင်ထွက်ကျချင်နေပြီ။ ကောကောကျန့်ကတော့ ဝမ်ရီပေါ်လေးရဲ့ အပြောကြောင့် ပိတိဖြာနေတယ် မုန်းချင်စရာကြီး။

YOU ARE READING
သကြားကောကော
Romanceသကြားကောကောဆိုတာ သကြားကောကောပါပဲ သွေးအန်ချင်တဲ့သူတွေကတော့ လာဖတ်ပေါ့ ဝမ်ရီပေါ်လေးကိုတော့ အသည်မယားရဘူးနော် ဝမ်ရီပေါ်လေးက သကြားကောကောအပိုင်