Part 4

2.8K 375 38
                                    

အခုဆို ဝမ်ရိပေါ်လေးက ကျောင်းကိုတောင် ဆိုင်ကယ်ကြီးနဲ့လာတာနော် ပရူ ပရူ

ရှီယွမ်းတို့ ကျန်းချန်ကောတို့ဆို ရိပေါ်လေးကို အားကျတဲ့ အကြည့်တွေနဲ့ ဘယ်လောက်တောင် ဂုဏ်ယူဖို့ကောင်းလိုက်လည်း ချစ်သူဝယ်ပေးတဲ့ဆိုင်ကယ်လေးစီးပြီး အက်ဖုအေတွေကို နှိမ်ရတာ ပရူ ပရူ

ဝမ်ရိပေါ်လေး ကျောင်းခန်းထဲရောက်တော့ ခုံပေါ်မှာ လက်ဆောင်ပစ္စည်းတွေ ။ အိမ်း အဲတာပဲ ဝမ်ရိပေါ်လေးက ဒီလက်ဆောင်တွေမယူပါဘူး သူငယ်ချင်းအက်ဖုအေတွေကို ပြန်ပြန်ပေးတာကိုလည်း မသိတာမဟုတ် နေ့တိုင် လာလာပေးတဲ့လက်ဆောင်တွေ။

တချို့လက်ဆောင်တွေဆို ကောကောကျန့်ရဲ့ သူငယ်ချင် ကျန်းချန်ကောကိုတောင် ပေးဖြစ်တယ်။ အဲအချိန်ဆို ကျန်းချန်ကောက ဘာပြောတယ်မှတ်လည်း

"ဟီး ရိပေါ်ရာ ကျေးဇူးပဲ ဟိုလေ မင်းအခုလို ငါ့ကို လက်ဆောင် ပေးနေတာ ရှောင်းကျန့်က ဘာမှမပြောဘူးလားဟင်"

ရိပေါ်လေးက ကျန်းချန်ကော အဲလို ပြောရင် အရမ်းရယ်ချင်တာ ဝမ်ရိပေါ်လေးကို ကြောင်နေတဲ့ စော်တွေ ဘီးကျဲတွေက ပေးတာ မလိုချင်လို့ သူ့ကို ပြန်ပေးတာကို ကျန့်ကောကောက ဘာပြောရမှာလည်းလို့ အဲတာကို မသိဘဲ ဒီလိုမေးတဲ့ ကျန်းချန်ကောပါပဲ ပရူ ပရူ😁

ဒီနေ့တော့ ကျန့်ကောကောကို ဖုန်းဆက်ထားတယ် ကားမယူခဲ့ပါနဲ့လို့ ဒီက ဆရာဝမ်လေးက ဆိုင်ကယ်နဲ့လာခေါ်မှာဖြစ်တဲ့အကြောင်းလေး အကြောင်းကြားထားရတယ်။

ဆိုင်ကယ်ဦးထုပ်လေးကို အနမ်းပေးပြီး ဆိုင်ကယ်ပေါ် စတိုင်ကျကျ တက်လိုက်တယ်။

"ဟက် ဝမ်ရိပေါ် စတိုင်တွေထုတ်မနေနဲ့ အိမ်မှာနင့်ကို ကြည့်မဲ့သူဆိုလို့ ခြံစောင့်ဦးလေးကြီးပဲရှိတယ် ဆိုင်ကယ်ကို ဂရုစိုက်မောင်း "

ဟင့် အဲလိုပါပဲ မားက အိမ်မှာ ဘယ်သူမှ ကြည့်မယ့်သူမရှိတောင် ခြံစောင့်ဦးလေးကြီးက ကြည့်တာကို ဝမ်ရိပေါ်လေးက ပျော်နေတာလေ ဒါကို မားက ဝမ်ရိပေါ်လေး စိတ်ကို သိနေတဲ့အလား တပ်အပ်ပြောနိုင်တယ်

(တကယ်တော့ ခြံစောင့်ဦးလေးကြီးက ဝမ်ရိပေါ်လေး ဆိုင်ကယ်ထွက်ဖို့စောင့်နေတာပါ ခြံတခါးဖွင့်ပေးဖို့ပါ ဒါကို ရိပေါ်လေးက ဘဝင်လေဟပ်နေတာပါ ဝါး ဟား ဟား)

သကြားကောကောWhere stories live. Discover now