Chapter

275 24 2
                                    

"ငါတို့လမ်းခွဲကြရ​အောင်​" ​ရွှေ​ရောင်​သန်း​နေတဲ့ဆံပင်​နဲ့ wizardက သူ့​ရှေ့မှာရပ်​​နေတဲ့ ခပ်တိုတို​ဆံပင်​အနက်​နဲ့ witchကို ​ပြောတယ်​။

"ဘာလို့လဲ Draco ငါဘာအမှားလုပ်​မိလို့လဲ။ နင်​နဲ့ငါ အဆင်​​ပြေ​နေတယ်​ ထင်​ခဲ့တာ။ ငါတို့တစ်​ခါမှ​တောင်​ ရန်​မဖြစ်​ကြဖူးဘူး​လေ။ နင်​ဘာလို့ ငါနဲ့လမ်းခွဲချင်​တာလဲ"

အထက်​​အောက်​အ​ရောင်​တူ အနက်​​ရောင်​ဝတ်​စုံ၊အနက်​​ရောင်​သား​ရေရှုးဖိနပ်​၊ Slytherinမာဖလာ၊လက်​အိတ်​​တွေဝတ်​ထားပြီး နှင်းလိုဖြူ​ဖွေးတဲ့ အသားအ​ရောင်​နဲ့ ​ချော​မောတဲ့wizardရဲ့ နီမြန်းမြန်းနှုတ်​ခမ်း​တွေက​နေ ဘာစကားတစ်​ခွန်းမှထွက်​မလာဘူး။အေးစက်​စက်​ မီးခိုး​ရောင်​မျက်​ဝန်း​တွေကသာ သူ့​ရှေ့ကwitchကို စိုက်​ကြည့်​​နေတယ်​။ သူတို့၂​ယောက်​ကြားမှာ ဆီးနှင်း​တွေတ​ဖျောက်​​ဖျောက်​ကျသံနဲ့ သူတို့​ဘေးက ဆီးပန်းပင်​ကို ​လေတိုး​နေတဲ့အသံပဲကြား​နေရပြီး တစ်​​လောကလုံးကငြိမ်​သက်​​နေဆဲ။

ဆံပင်​အနက်​၊နှုတ်​ခမ်းနီရဲရဲ၊မျက်​နှာ​သေး​သေးသွယ်​သွယ်​၊နို့နှစ်​​ရောင်​အသားအရည်​ရှိပြီး Slytherinဝတ်​ရုံ၊စကတ်​အတို၊​​ပေါင်​လယ်​​လောက်​​ရောက်​တဲ့​ခြေအိတ်​ရှည်​​တွေ၊မိန်းက​လေးစီးသား​ရေရှုးဖိနပ်​စီးထားတဲ့ witch​က သူမလည်​ပင်းမှာပတ်​ထားတဲ့slytherin မာဖလာကိုခပ်​တင်းတင်းပတ်​လိုက်​ပြီး သူမရဲ့အရပ်​ထက်​ ​ခေါင်းတစ်​လုံးစာမကမြင့်​​နေတဲ့ wizardကို ကြည့်​ပြီး စိတ်​မရှည်​စွာ​မေးခွန်းထပ်​​မေးတယ်​။ သူမရဲ့ မျက်​ဝန်းနက်​​တွေမှာ​တော့ မျက်​ရည်​စက်​တစ်​ချို့က တွဲလဲခိုလို့။

"​ပြော​လေ Draco။ နင်​ ဘာအ​ကြောင်းပြချက်​မှ မရှိပဲ ငါနဲ့လမ်းခွဲချင်​တာလား။ နင်​နဲ့ငါ ချစ်​သူဖြစ်​ခဲ့ကြတဲ့၂နှစ်​ဆိုတဲ့ အချိန်​ကာလ​တွေက နင့်​အတွက်​ဘာမှ မဟုတ်​ခဲ့ဘူးလား။ ​ပြော​လေ"

Wizardက ​အေးစက်​စက်​စကားသံနဲ့ပြန်​​ဖြေတယ်​။

"ငါမင်းကို ငယ်​သူငယ်​ချင်းတစ်​​ယောက်​ ဆိုတာထက်​ ဘယ်​လိုမှမပိုခဲ့ဘူး Pansy။ ငါကြိုးစားကြည့်​ခဲ့ပါ​သေးတယ်​။ ဒါ​ပေမဲ့ အလုပ်​မဖြစ်​ခဲ့ဘူး။ ငါတို့၂​ယောက်​မှာ ​ရှေ့ဆက်​လို့ရမယ့်​အနာဂတ်​များရှိမလားလို့ ငါစဉ်းစားကြည့်​ခဲ့ဖူးတယ်​။ ငါဘာမှမမြင်​ခဲ့ဘူး။ တစ်​ချိန်​တုန်းက​တော့ မင်းနဲ့ငါက ဒင်္ဂါးပြားတစ်​ခုရဲ့ ​ရှေ့ဘက်​နဲ့​နောက်​ဘက်​လိုပဲ။ ငယ်​ငယ်​ကတည်းက ငါတို့မခွဲမခွာ အတူတူရှိ​နေခဲ့တယ်​။ ငါတို့အဆင်​​ပြေ​နေခဲ့တယ်​။ မင်းကငါ့ကိုဂရုစိုက်​တယ်​။ ငါကလည်းမင်းကိုချစ်​တယ်​လို့ ငါ့ကိုယ်​ငါထင်​မိခဲ့တယ်​။ ငါထင်​တာ​တွေက တကယ်​မဟုတ်​မှန်း သိလာခဲ့တယ်​။ မင်းနဲ့ငါက ဒင်္ဂါးပြားရဲ့ မတူညီတဲ့ ဘက်​၂ခုပဲ။ မင်းအမြင်​နဲ့ ငါ့အမြင်​​တွေ ဘယ်​လိုမှ ညှိမရ​တော့ဘူး။ ငါ မင်းကိုလည်း ဆက်​မလိမ်​ညာထားချင်​​တော့ဘူး။ ငါ့ကို စွန့်​လွှတ်​လိုက်​ပါ​တော့ Pansy။ မင်းဘဝအတွက်​ လက်​တွဲ​ဖော်​က ငါမဖြစ်​နိုင်​ဘူး။ ငါတို့ ကိုယ့်​လမ်းကိုယ်​​လျှောက်​ကြရ​အောင်​"

You've reached the end of published parts.

⏰ Last updated: Sep 03, 2019 ⏰

Add this story to your Library to get notified about new parts!

Change Of HeartsWhere stories live. Discover now