ခင် ၅

12 0 0
                                    

ခင်

ဖွင့်ပြောတဲ့ချစ်စကားမှာ
ရှက်လို့များနေမလား။
ချစ်ရသူကိုယ့်စိတ်ထဲလေ
အတွေးတွေများ။

မျက်နှာတော်ညို
မုန်းတယ်လို့ဆိုမှာလား။
မပြိုခင်ယိုင်နဲ့ဘဝကို
ထိန်းစေလိုသား။

အပြုံးနဲ့နှောင်ချည်
ချစ်ပြီလို့ဆိုမှာလား။
မျက်ရှုသွယ်ညိုပြာမှုန်းဝယ်
ပြုံးပွင့်ပန်ထား။

ချစ်ခဲ့ပြီမို့တစ်သက်စာ
ဘဝကိုပုံအပ်ကာ
မြတ်နိုးစွာချစ်မိရဲ့
အသိထဲစိုးမိုးတာခင်ပဲပေါ့။

ခပ်လျော့လျော့တွေးလို့
တစ်သက်စာဆွေးရလေအောင်
အတွေးနဲ့တောင်မဝေးချင်ဘူး
အဆောင်ရှေ့ဂစ်တာလေးနဲ့
ချစ်တာကိုခင်သိအောင်
တေးချိုမြူးဆော့။

တကောင်း

ပေးစာများ နှင့် ခင် ကဗျာစု - Ei Khaing Mon & Ta Kaung(Eunoia)Where stories live. Discover now