Part 7သမားတော် သခင်လေးကို စမ်းပြီး ခေါင်းရမ်းနေသည်
"ဝမ့်ကျီး ဘယ်လိုနေလဲ သမားတော် "
" ရောဂါရှာမတွေ့ပဲ အားက နည်းတထက်အရမ်းနည်းလာတယ် "
"သမားတော် ခင်ဗျားက ကူးစူးရဲ့အတော်ဆုံးသမားတော်ပဲ ရောဂါရှာမတွေ့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား "
"ကျွန်တော့် တောင်းပန်ပါတယ် ဇယ်ဝူကျွင်း "
ဇယ်ဝူကျွင်း အိပ်ပျော်နေတဲ့ ညီတော့်လက်ကို ကိုင်ကာ သူအစွမ်းတွေထည့်ပေးလိုက်သည်။ ပြီးတော့သမားတော်ကို ထပ်စမ်းသပ်ခိုင်းလိုက်သည်။ သမားတော်ခေါင်းရမ်းသည်။
" ဇယ်ဝူကျွင်း "
ညီတော်ကို ကုတာအထမမြောက်ပဲ သူပါအားနည်းလို့ ယိုင်သွားတာကြောင့် ကျင်းရီထိန်းထားပေးသည်။
" ဇယ်ဝူကျွင်း ပြန်နားပါတော့ ကျွန်တော့်ကြည့်ထားလိုက်ပ့ါမယ် "
စစ်ကျွေးစိတ်ပူစွာနဲ့ဆိုလိုက်သည်။
"အင်း "
" တစ်ခုခုဖြစ်ရင် တန်းခေါ်လိုက်ပါ "
" ဟုတ်ကဲ့ "
လန်ကျင်ရီ ဇယ်ဝူကျွင်းကို ထိန်းပြီး လိုက်ပို့ပေးလိုက်သည်
" ဝေ့သခင်လေး!..ဝေ့သခင်လေး "
ကုတင်ခြေရင်းမှာ အသက်မဲ့စွာထိုင်နေတဲ့
ဝေ့ရင်းကို စစ်ကျွေးခေါ်လိုက်သည်" ဟင် "
" ဝေ့သခင်လေး နေမကောင်းဘူးလား "
" ကောင်းပါတယ် "
" ကောင်းတာတော့ မဟုတ်လောက်ဘူး
မျက်နှာက ဖြူဆုတ်နေတာပဲ.. သွားနားပါတော့ "" အင်း...ခဏလောက်အပြင်ထွက်မယ် "
ဝေ့သခင်လေး စိတ်နဲ့ကိုယ့်နဲ့ မကပ်စွာအပြင်ထွက်သွားသည်။ စစ်ကျွေးသည်
ဟန်ကွမ်းကျွင်း၏နဖူးကို ရေစိုအဝတ်ဖြင့်
အုပ်ပေးကာ ပြုစုနေလိုက်သည်။